DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင်ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတက်ရန် မြန်မာစစ်တပ်ကို ဖိတ်ကြား
DVB
·
January 31, 2023
ထိုင်းတွင်ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတက်ရန် မြန်မာစစ်တပ်ကို ဖိတ်ကြား
Donate to DVB

ဘန်ကောက်မြို့မှာ ထိုင်းနဲ့ အမေရိကန် ပူးတွဲအိမ်ရှင်အဖြစ်ပူးတွဲကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာပါဝင်တက်ရောက်ဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားတယ်လို့ MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

၁၈ ကြိမ်မြောက် အာဆီယံအပေါင်းဆွေးနွေးဖက်နိုင်ငံများရဲ့ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲနဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေရဲ့ အလုပ်အဖွဲ့အစည်းအဝေး (18th ADMM-Plus EWG on MS and Table-Top Exercise)ကို  လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၄ ရက်ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  ၅ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)  ၁၀ နိုင်ငံက ကာကွယ် ရေးဝန်ကြီးတွေ အပြင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီးယားနဲ့  အမေရိကန်က ကိုယ်စားလှယ်တွေပါ တက်ရောက်မှာဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဒေသတွင်း ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်း၊ လုယက်မှု၊ လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှု စတာတွေကို ကာကွယ်ရေးအတွက် အတူတကွ စစ်ရေးလေ့ကျင့်မှုဆိုင်ရာတွေ ဆွေးနွေးကြဖို့ အစီအစဉ်ရှိပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ စစ်ကောင်စီဝန်ကြီးတွေကို အာဆီယံနဲ့ ဒေသတွင်းအစည်းအဝေးတွေမှာတက်ခွင့်မပေးဖို့ အာဆီယံအဖွဲ့အတွင်းမှာ သဘောတူတားတာဖြစ်ပေမဲ့ ထိုင်းနိုင်ငံကတော့ မြန်မာစစ်တပ်ကို တက်ခွင့်ပေးတာဟာ အာဆီယံက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖိတ်တာလို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပတဲ့  (၁၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာတော့  စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပါဝင်တက်ရောက်ခဲ့ခွင့်ရခဲ့ပေမဲ့  နိုဝင်ဘာလကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။

စစ်ကောင်စီအစိုးရဟာ တရားမဝင် အာဏာသိမ်းအစိုးရဖြစ်တဲ့အပြင် ဒီမိုကရေ စီတောင်းဆိုတဲ့ ပြည်သူတွေကိုအကြမ်းဖက်နှိမ်နင်းနေတာကြောင့် အာဆီယံအဖွဲ့ကြီးက ကျင်းပတဲ့ဆွေးနွေးပွဲတွေမှာ ဖိတ်ကြားခြင်းမပြုဖို့  NUG အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013