DVB Logo
Home
မြန်မာသတင်း
ဖယ်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေအဖြစ်ပြောင်းလဲရန် ကရင်တော်လှန်ရေးနေ့တွင် ကေအန်ယူ ခေါင်းဆောင်ပြော
DVB
·
January 31, 2023
ဖယ်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေအဖြစ်ပြောင်းလဲရန် ကရင်တော်လှန်ရေးနေ့တွင် ကေအန်ယူ ခေါင်းဆောင်ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတနိုင်ရဲ့ ဥပဒေအဖြစ် ပြောင်းလဲပစ်ဖို့လိုအပ်ပြီး  လူမျိုးတိုင်းနဲ့ ပြည်သူတရပ်လုံးအတွက် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်က ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၄ ကြိမ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့အတွက် ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်း ပြောကြားလိုက်တာပါ။

ဒါ့အပြင် ကရင်အမျိုးသားတို့ရဲ့ ခုခံတော်လှန်ရေးကြီးဧကန်မုချ အောင်မြင်ရမှာဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်တဲ့အထိ ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မိမိတို့ နိုင်ငံရေး ရည်မှန်းချက်တွေဖြစ်တဲ့ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် အာမခံပြီး လူမျိုးတိုင်းနဲ့ ပြည်သူလူထုတရပ်လုံးအတွက် လူတဦးချင်းရဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုတွေအပြင် လူမျိုးအလိုက် အစုအဖွဲ့လိုက် လွတ်လပ်မှုနဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို  အာမခံချက်ပေးနိုင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ရမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ခုခံတော်လှန်ရေးဟာ လူတဦးတယောက်ရဲ့ အင်အာနဲ့ ကြိုးပမ်းလုပ်ဆောင်ရမယ့်အရာ မဟုတ်တဲ့အပြင် လူမျိုးတမျိုးတည်နဲ့ ကြိုးပမ်းအားထုတ်ရမယ့်အရာမဟုတ်တဲ့အတွက် အတူတကွပူးပေါင်းပြီး လုပ်ဆောင်ဖို့လည်းတိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်ရဲ့စရိုက်လက္ခဏာအလုံးစုံကို ကြိုးပမ်းတော်လှန်နေတဲ့ တခြားလူမျိုး၊ အဖွဲ့အစည်းတွေနဲ့အတူ တိုက်ထုတ်ရမှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။

ကေအန်ယူ စတင်တည်ထောင်ကတည်းက တိကျပြသားတဲ့ နိုင်ငံရေးအမြင်နဲ့ နိုင်ငံရေးရည်မှန်းချက်ရှိနှင့်ပြီးဖြစ်တဲ့အတိုင်း ဒီနေ့အထိ အညံ့ခံခြင်းမရှိဘဲ အားမလျော့ဘဲ သတ္တိရှိရှိ ကြံ့ကြံ့ခံခုခံခဲ့တယ်၊ အချိန်နာရီ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပြင် အသက်သွေးချွေးတွေကို ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်၊ စစ်သည်တွေနဲ့  ပြည်သူထူမရေတွက်နိုင်အောင် များပြားတယ်၊ ဒါ့အကြာင့် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ တနိုင်ငံတည်း အေးအေးချမ်းချမ်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ဖို့ ဖယ်ရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို မိမိတို့နဲ့အတူ ထူထောင်ဖို့၊ ပြည်သူတရပ်လုံးအတွက် ဆုံးခန်းတိုင် ကြိုးပမ်းအားထုတ်ကြဖို့လည်း ဗိုလ်ချုပ်ကြီး  စောမူတူးစေးဖိုးက တိုက်တွန်းထားပါတယ်။

ဒီနေ့ကျရောက်တဲ့ (၇၄) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွေကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုဌာနချုပ်နဲ့ ကေအန်အယ်လ်အေ တပ်မဟာ တချို့မှာ ကျင်းပကြပါတယ်။

နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ကရင်လူထုတွေအနေနဲ့ ဒီနေ့ ဇန်နဝါရီ ၃၁ ရက် ညနေ ၆ နာရီကနေ ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီအထိ ၂၄ နာရီ အစာရှောင်ဆုတောင်းကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013