
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ဇန်နဝါရီ ၃၀ ရက်က ပုသိမ်ထောင်တွင်း တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်တယ်လို့ သူနဲ့နီးစပ်တဲ့ ပုသိမ်မြို့ခံက ပြောပါတယ်။
"တရားစွဲပြီးတလကြာ အမိန့်ချတာ။ အရင်က အစိုးရအိမ်ရာဝင်းမှာ အကျယ်ချုပ် ထိန်းသိမ်း ထားတာပါ။ တိုင်းအစိုးရအဖွဲ့ဝင်ထဲက တခြားသူတွေ တရားစွဲ မခံရဘူး။ အကုန်ပြန်လွှတ် ပေးလိုက်ပြီး"
ဒေါက်တာလှမြတ်သွေးကို ဒီဇင်ဘာ ၂၈ ရက်မှာ တရားစွဲပြီး ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာလှမြတ်သွေးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကေက်ပွဲ၊ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရေကြည်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။