အာရှ လုံခြုံရေးဖိုရမ်အတွင်း အမေရိကန်နှင့် တရုတ်တို့ အငြင်းအခုန် ဖြစ်

စင်ကာပူနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ ဒေသလုံးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးနေတဲ့ ရှန်ဂရီလာ ဟိုတယ်
စင်ကာပူနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ ဒေသလုံးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးနေတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲ နောက်ဆုံးနေ့ကို ကျင်းပနေလို့ ဇွန်လ ၁ ရက်နေ့က လုံခြုံရေး အထူးတင်းကြပ်ထားပါတယ်။ မေလ ၃၁ ရက်နေ့ကတော့ အာရှ လုံခြုံရေးဖိုရမ်အတွင်း အမေရိကန်နဲ့ တရုတ်တို့ အငြင်းအခုန် ဖြစ်ခဲ့ကြပါတယ်။ [caption id="attachment_57627" align="alignright" width="300"]စင်ကာပူနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ ဒေသလုံးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးနေတဲ့ ရှန်ဂရီလာ ဟိုတယ် စင်ကာပူနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ ဒေသလုံးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးနေတဲ့ ရှန်ဂရီလာ ဟိုတယ်[/caption]အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ ဒေသတွင်း မတည်ငြိမ်အောင် လုပ်တယ် လို့ စွပ်စွဲပြီး တရုတ်ထိပ်တန်းဗိုလ်ချုပ်ကတော့ အမေရိကန်ရဲ့ မှတ်ချက်ဟာ ခြိမ်းခြောက်တဲ့ သဘော သက်ရောက်နေတယ်လို့ ပြန်ပြောပါတယ်။ အမေရိကန်ကာကွယ်ရေး ၀န်ကြီးချပ်ဟေဂယ်ဟာ တရုတ်အစိုးရရဲ့ အာရှ အိမ်နီးချင်းတွေအပေါ် နယ်မြေ အငြင်းပွားမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းပုံအပေါ် မကြုံစဖူး ပြင်းထန်တဲ့ စကားလုံးတွေကို သုံးပြီး ပြောဆိုခဲ့ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ဒုခေါင်းဆောင် ၀မ်ကွမ်ကျိုးက “အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ စကားဟာ အာရှပစိဖိတ်ဒေသအတွင်း ဒုက္ခဖြစ်စေဖို့ ရည်ရွယ်ထားတယ်” လို့ တန်ပြန် ပြောဆိုပါတယ်။ မဟာဗျူဟာ လေ့လာရေး နိုင်ငံတကာအဖွဲ့က စီစဉ်တဲ့ ၃ ရက်ကြာ ဖိုရမ်ကို အာရှ အမေရိကန်နဲ့ သြစတြေးလျ တို့က လုံခြုံရေးဆိုင်ရာ ပညာရှင်တွေ အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up