မြန်မာအလှမယ် မေမြတ်နိုး Miss Asia Pacific World 2014 ဆု ရရှိ

မြန်မာအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014 ဆုကို ရရှိသွားပါပြီ။ ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ဒီပြိုင်ပွဲမှာ မေမြတ်နိုးဟာ လူကြိုက်အများဆုံးဆုကိုလည်း ရရှိထားပြီး အခု နောက်ဆုံးအဆင့်မှာ ကိုရီးယားအလှမယ်ကို ယှဉ်ပြိုင်အနိုင်ယူကာ Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးသွားတာပါ။ အခုနောက်ပိုင်း မြန်မာအလှမယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်လာကြပြီး အများစုက အင်တာနက်မယ်ဆု၊ လူကြိုက်အများဆုံးဆု စတဲ့ မဲပေးစနစ်ဆုတွေ ရရှိခဲ့ကြချိန်မှာ မေမြတ်နိုးက ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ် သရဖူ ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။ [gallery ids="57620,57619,57622,57621"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up