DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၇ ပြည့်နှစ်ပတ်လည်နေ့တွင် လာရောက်ကြည့်ရှုသူ နည်းပါး
DVB
·
January 29, 2023
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၇ ပြည့်နှစ်ပတ်လည်နေ့တွင်  လာရောက်ကြည့်ရှုသူ နည်းပါး
Donate to DVB

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ ၁၁၇ နှစ်မြောက် နှစ်ပတ်နေ့မှာ  ရန်ကုန်မြို့ခံမိသားစုတွေ တိရစ္ဆာန်ဥယျာဉ်ကိုသွားရောက် လည်ပတ်ကြပေမယ့် အရင်တုန်းကလောက် လူစည်ကားခြင်းမရှိဘူးလို့ သွားရောက်ခဲ့သူတွေထံက သိရပါတယ်။

၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်တာတွေကို ရပ်နားထားခဲ့ပြီးဒီနှစ်မှာ ၁၁၇ နှစ်ပြည့်ခဲ့တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့နှစ်ပတ်လည်အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် ကနေ ၂၉ ရက်အထိ စစ်ကောင်စီက စီစဉ်ကျင်းပနေတာဖြစ်ပါတယ်။

အဲ့ဒီလိုကျင်းပရာမှာ ထူးထူးခြားခြားအခမ်းအနား ကျင်းပတာမျိုးမရှိခဲ့ဘဲ မုန့်ဈေးတန်းအနည်းငယ်၊ ပြခန်းအနည်းငယ်လောက်ပဲရှိပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်တာတောင် လာရောက်လည်ပတ်သူ အနည်းငယ်လောက်ပဲရှိခဲ့တယ်လို့ သွားရောက်ခဲ့သူတဦးက ပြောပါတယ်။

ရုံးပိတ်ရက်မဟုတ်တဲ့ သာမာန်ရက်တွေမှာတောင် လာရောက်လည်ပတ်သူက ၁၀၀၀ ဝန်းကျင်လောက်ရှိပြီး အခုကျင်းပတဲ့နှစ်ပတ်လည်အခမ်းအနားမှာတော့ လာရောက်လည်ပတ်သူက တရက်ကို ၅၀၀၀ လောက်ရှိတယ်လို့ တိရစ္ဆာန်ဥယျာဉ်တာဝန်ရှိသူတွေကတော့ ပြောဆိုထားပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ အရှေ့တောင်အာရှမှာ သက်တမ်းအရင့်ဆုံးဥယျာဉ်တခုဖြစ်ပေမဲ့ အရင်နအဖ စစ်အစိုးရလက်ထက်မှာ နေပြည်တော်ကို တည်ဆောက်ပြီးတဲ့နောက် တိရစ္ဆာန်အများစုကိုလည်း နေပြည်တော်ရှိဥယျာဉ်ဆီကို ရွှေ့ပြောင်းခဲ့ပါတယ်။

ဒါ့အပြင် အခုစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်တာတွေမရှိတဲ့အတွက်  တိရစ္ဆာန်တချို့ အနာရောဂါဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013