DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၊ ရနောင်းအကျဉ်းထောင်တွင် မြန်မာ ၆၀၀ ကျော် ဆန္ဒပြ
DVB
·
January 29, 2023
ထိုင်းနိုင်ငံ၊ ရနောင်းအကျဉ်းထောင်တွင် မြန်မာ ၆၀၀ ကျော် ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်၊ ရနောင်းအကျဉ်းထောင်ထဲမှာ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက မြန်မာအချုပ်သား ၆၀၈ ဦး  ဆန္ဒပြခဲ့ကြတယ်လို့  Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မနေ့ညနေပိုင်း အချုပ်သားတွေ ကာယလေ့ကျင့်ခန်းလုပ်ချိန် မြန်မာအချုပ်သားတွေရှိတဲ့ အဆောင်ရဲ့ ၄ ထပ်ပေါ်ကနေ အော်သံဆူညံသံတွေကြားရကြောင်း၊ စစ်ဆေးကြည့်ရာမှာ အချုပ်သားတွေဟာ သူတို့ကို မြန်မာပြည်အမြန်ဆုံးပြန်ပို့ပေးဖို့ ထိုင်းလိုရော၊ မြန်မာလိုပါ အော်ဟစ်တောင်းဆိုကြတဲ့အပြင် မြန်မာပြည်ပြန်ချင်တယ်၊ မြန်မာပြည်ပြန်ပို့ပေးပါ၊ မြန်မာသံရုံးနဲ့ စကားပြောခွင့်ပြုပါ၊ ဒီမှာမနေချင်ဘူး စတဲ့စာသားတွေကို စောင်ပေါ်မှာ၊ အိပ်ယာခင်းပေါ်မှာ ထိုင်းလိုရော၊ မြန်မာလိုပါ ရေးပြပြီး သံတိုင်တွေကြားကနေ အပြင်ကိုလွှင့်ထူပြနေတယ်လို့ ထောင် တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါအဆောင်မှာ မြန်မာအကျဉ်းသား ၆၀၈ ဦးရှိကြောင်း၊ သူတို့တွေဟာ ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်မှု ၊ အလုပ်သမားဥပဒေနဲ့မညီညွတ်မှု၊ မူးယစ်မှု စတာတွေနဲ့ အရေးယူခံရပြီး အများစုမှာ ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရပြီဖြစ်တဲ့အတွက် မြန်မာပြည်ပြန် ပို့ခံရဖို့ စောင့်ဆိုင်း နေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့လည်း လွှတ်ရက်စေ့သူတို့ကို အမြန်ဆုံးပြန်ပို့ချင်ကြောင်း၊ နေ့စဉ်ထမင်း ၃ နပ်နဲ့ ရေဖိုး မီးဖိုးတွေပါ ကုန်ကျခံနေရလို့ ဝန်ထုတ်ဝန်ပိုးဖြစ်နေကြောင်း ဒါပေမဲ့ မြန်မာဘက်ခြမ်း အာဏာပိုင်တွေက လက်မခံသေးတော့ ဘာမှမတတ်နိုင်ဘူးလို့ ဆိုပါတယ်။

မနှစ်ကတော့ ရနောင်းဘက်က ပြစ်ဒဏ်ကင်းလွတ်မြန်မာတွေကို ကော့သောင်း အာဏာပိုင်တွေဆီ တစ်လကို ၂ ကြိမ် ၊ ၁ ကြိမ်လျှင် ၁၀၀ မှ ၂၀၀ ဦးခန့် ပြန်ပို့ခဲ့ရကြောင်း၊ ဒီနှစ်ထဲမှာတော့ မြန်မာဘက်က လက်မခံနိုင်သေးဘူးလို့ပြောလို့ ပို့လို့မရသေးကြောင်း၊ တချို့ဆိုရင် ပြစ်ဒဏ်ကင်းလွတ်ပြီး ပြန်မယ့်ရက်စောင့်နေတာ ၄ - ၅ လရှိပြီး တချို့က လပိုင်းသာရှိကြောင်း၊ မြန်မာဘက်ခြမ်းမှာ ဘာအခက်အခဲရှိလို့ လက်မခံနိုင်သေးလဲဆိုတာတော့ နားမလည်ဘူးလို့ ဆိုပါတယ်။ 

သူတို့အနေနဲ့ မြန်မာအချုပ်သားတွေပြန်ချင်တာကို နားလည်ပေမယ့် တဘက်ကလက်မခံတော့ ဆန္ဒပြတာကို ဒီအတိုင်းကြည့်နေရပြီး ထောင်ဖောက်ထွင်းမှုမရှိအောင်တော့ လုံခြုံရေးကြပ်မတ်ထ ထားကြောင်း မနေညက ဆန္ဒပြတဲ့ကိစ္စကိုတော့ သက်ဆိုင်ရာမြန်မာသံမှူးကို အကြောင်းကြားထားတယ်လို့ ရနောင်းခရိုင်အကျဉ်းထောင်တာဝန်ရှိသူက ပြောသွားပါတယ်။

Ref-DailyNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013