
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက်နေ့ ညက မြို့နယ်ပညာရေးမှူးရုံးနဲ့ လျှပ်စစ်ရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး-BHRF ကနေ သိရပါတယ်။
ဆိပ်ဖြူမြို့နယ် ပညာရေးမှူးရုံးကို ဇန်နဝါရီ ၂၆ ရက်နေ့ ည ၆နာရီ ၄၂မိနစ်နဲ့ မြို့နယ် လျှပ်စစ်ရုံးကို ည ၆ နာရီ ၅၇ မိနစ်မှာ ဥသြ-UG(စလေ) နဲ့ပူးပေါင်းပြီး မိုင်းတလုံးစီဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ရဲ့ တာဝန်ခံ ဗိုလ် မိုရှေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ မြို့နယ်လျှပ်စစ်ရုံးက Non CDM ဝန်ထမ်းတယောက် မိုင်းစထိမှန်ဒဏ်ရာရရှိကာ ဆိပ်ဖြူဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရပြီး မြို့နယ်ပညာရေးမှူးရုံးမှာတော့ ထိခိုက်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။
မြို့နယ်ပညာရေးမှူးရုံးကတော့ CDM ဝန်ထမ်းတွေကို CDM မလုပ်ဖို့ ဖိအားပေးတဲ့အပြင် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောင်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်နိုင်ပြီး လျှပ်စစ်ရုံးကတော့ စ ပြည်သူတွေဆီကနေ မီတာခတွေ အတင်းအကြပ် တိုးမြှင့်ကောက်ခံနေတာကြောင့် သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ မြို့နယ် လျှပ်စစ်ဝန်ထမ်း ထိခိုက်ဒဏ်ရာရရှိတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။