ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်း ၆ သင်းပဲ ရှိ – ဦးခင်မောင်ထွေး

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ဇွန် ၁၂ ရက်မှာ စတင်ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ ၄ နှစ် ၁ ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံပြိုင်ပွဲဟာ ဒီတကြိမ်မှာတော့ ဘောလုံးနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ ဘရာဇီးနိုင်ငံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အုပ်စု ၈ ခု ခွဲထားပြီး ဘောလုံးအသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမှာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်း ၆ သင်းပဲ ရှိတယ်လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောဆိုပါတယ်။ ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။ အသံဖိုင် နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up