DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း စက်သုံးဆီဈေးတက်
DVB
·
January 28, 2023
မြန်မာပြည်တွင်း စက်သုံးဆီဈေးတက်
Donate to DVB

နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာ စက်သုံးဆီဈေးနှုန်းတွေဟာ အတက်ဘက်ကို ပြန်လည်ဦးတည်လာနေတယ်လို့  နေ့စဉ်စက်သုံးဆီဈေးထုတ်ပြန်ချက်တွေအရ သိရပါတယ်။

92၊ 95 နဲ့ ပရီမီယံဒီဇယ်အပါအဝင် စက်သုံးဆီဈေးတွေဟာ အခုလ အစောပိုင်းတုန်းက နေပြည်တော်မှာ  92 တစ်လီတာကို ၁၈၀၀ ကျော်၊ 95 တစ်လီတာကို ၂၀၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ရာကနေ ဇန်နဝါရီ ၂၈ ရက်အရောက်မှာတော့ 92 က တစ်လီတာ ၂၃၂၀ ကျပ်နဲ့ 95 က တစ်လီတာကို ၂၄၀၅ ကျပ် အထိ ရောက်ရှိနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်သုံးဆီဈေးတက်လာမှုဟာ အနည်းငယ် ရပ်တန့်သွားခဲ့ရာက ဇန်နဝါရီ ၂၈ အရောက်မှာ အနည်းငယ် ပြန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

နေပြည်တော် ဘောဂသီရိကားဝန်းအတွင်းမှ အိုးဝေမောင်းသူတဦးက "ဆီဈေးတွေကတော့ ဆက်တိုက်တက်နေတာ၊ ပြောနေကျတာတော့ 92 က ၃၀၀၀ လောက်အထိ တက်မယ်ဆိုလားပဲ။ အဲ့ဒီကျရင်တော့ အလုပ်ခဏနားထားမှရမယ်။ အခုတောင် ဆီဈေးတွေကတက်နေတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ ဆီဈေးတက်လို့ ကိုယ်က ဈေးတက်တော့ ပုံမှန်ဖောက်သည်တွေတောင် တဖြည်းဖြည်း နည်းလာပြီ"လို့ ပြောပါတယ်။

စက်သုံးဆီဈေးတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင်က 92 တစ်လီတာကို ၈၀၀ ကျပ်ဝန်းကျင်ကနေ အာဏာသိမ်းပြီး ၂ နှစ်အကြာမှာတော့ သုံးဆနီးပါးအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013