Home
မြန်မာသတင်း
၁၀ ကြိမ်မြောက် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲ ကျင်းပ
DVB
·
May 30, 2014
DSCF3064 copy
DSCF3055 copy
DSCF3049 copy
DSCF3043 copy
DSCF3031 copy
DSCF3028 copy
DSCF3043
DSCF3031
DSCF3028

၁၀ ကြိမ်မြောက် ကရင်အမျိးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို မေလ ၂၈ ရက် ကနေ ၃၁ ရက်နေ့ထိ ကရင်ပြည်နယ် ဖားအံခရိုင်က ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာ ၊ လေးဝါးစခန်းမှာ ကျင်းပနေပါတယ်။

ကရင်အမျိုသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာမှာ မတူကွဲပြားမှုကို အခြေခံ တန်ဖိုးအဖြစ် အလေးထားလုပ်ဆောင်ကြဖို့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။

ကရင်လူမျိုးတွေဟာ ဘာသာစကား၊ နိုင်ငံရေးခံယူချက်၊ လက်နက်ကိုင်အဖွဲ့၊  နေထိုင်ရာအရပ် စသဖြင့် ကွဲပြားမှုတွေရှိလို့ သဘောထားအမြင်တွေ ကွဲနိုင်ပေမယ့်လည်း မိမိသဘောထားကို လွတ်လပ်စွာ ထုက်ဖော်ပြီး ပြဿ     နာ ဖြေရှင်းနိုင်တဲ့ အကြံပြုတိုက်တွန်းမှုမျိုးဖြစ်မှ ညီညွတ်မှုကို ဆောင်ကျဉ်းနိုင်မယ်လို့ ကေအန်ယူ ဥက္ကဋ္ဌက ပြောပါတယ်။

ခရိုင်ဥက္ကဌ စောအယ်ဝါးကလည်း ကရင်လူမျိုးတွေမှာ စည်းလုံးညီညွတ်မှု အားနည်းခဲ့ပြီး ဒါဟာ တိုင်းပြည်တည်ငြိမ်မှု မရှိတာ ၊ ပြည်တွင်းစစ်ကြာရှည်တာရယ် ၊ အုပ်စိုးသူတွေက အခွင့်အရေး တဘက်စီပေးပြီး သွေးခွဲအုပ်ချုပ်တာတွေကြောင့် ဖြစ်ကြောင်း ၊ ဒီနေ့ ဒီအချိန် လာရောက်တွေ့ဆုံဆွေးနွေးတာတော့ ကရင့်အမျိုးသားသွေးစည်း ညီညွတ်မှုတွေ ပြန်တည်ဆောက်ရမယ့် အချိန်တိုင်ပြီလို့ ပြောပါတယ်။

အဲဒီနှီးနှောဖလှယ်ပွဲမှာ ပြည်တွင်းပြည်ပ ကရင်လူမှုအခြေပြုအဖွဲ့အစည်း၊  ကရင်နိုင်ငံရေးပါတီ၊ ရင်လက်နက်ကိုင်အဖွဲ့အစည်းက  ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေပါ စုစုပေါင်း၂၀၀ လောက် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ (သတင်းဓာတ်ပုံ - စောဖရိုင်းဒေး) [gallery ids="57573,57574,57575,57576,57577,57578"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024