
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ) ရပ်ကွက်၊ ၆၉ လမ်းနဲ့ လမ်း ၇၀ ကြား၊ ၁၃၈ လမ်းနဲ့ ၁၃၉ လမ်းကြားရှိ ပီနံအိတ်စက်ရုံမှာ ဇန်နဝါရီ ၂၇ ရက် မနက် ၃ နာရီက မီးလောင်ခဲ့ပါတယ်။
စက်ရုံအတွင်း စွန့်ပစ်ပစ္စည်းဂိုထောင်မှာ ပီနံအိတ်အခွံအဟောင်းတွေ စုပုံထားရှိရာကနေ အောင်းအပူဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မီးလောင်မှုကြောင့် အလျား ၈၀၊ အနံ ၈၀ ပေ၊ Steel Structure အဆောက်အဦ ၁ လုံး (တန်ဖိုးငွေ ကျပ် ၉၆ သိန်း)၊ ပီနံအိတ်ခွံဟောင်းများ (တန်ဖိုးငွေ ကျပ် ၇၁ သိန်း)၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၆၇ သိန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးဌာနက ဆိုပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦးကို စက်မှုနယ်မြေရဲစခန်းမှာ (ပ) ၂၆/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၂၈၅ နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။