DVB Logo
Home
မြန်မာသတင်း
ရုရှား ဆောက်လုပ်ပေးမည့် နျူးကလီးယားဓာတ်အားပေးစက်ရုံ သုံးမရသည့် နည်းပညာ မဖြစ်စေလို
DVB
·
January 26, 2023
ရုရှား ဆောက်လုပ်ပေးမည့် နျူးကလီးယားဓာတ်အားပေးစက်ရုံ သုံးမရသည့် နည်းပညာ မဖြစ်စေလို
Donate to DVB

ရုရှားအကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့အပေါ် သုံးမရတဲ့ နည်းပညာ မဖြစ်ဖို့သာ လိုတဲ့အကြောင်း စွမ်းအင်နဲ့နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(Rosatom) နဲ့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့က မြန်မာမှာ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလက ရုရှားနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ(MOU) ကို လက်မှတ်ရေးထိုးထားတဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ နျူးကလီယား စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်တာက နည်းပညာရှုထောင့်အရ ကောင်းတဲ့ အချက် ဖြစ်ပေမဲ့ သုံးမရတဲ့ နည်းပညာ မဖြစ်ဖို့သာ လိုတယ်လို့ စွမ်းအင်နဲ့နည်းပညာဆိုင်ရာကျွမ်းကျင်သူတွေက ဆိုပါတယ်။

စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူ သုတေသီတဦးက “ကမ္ဘာမှာလည်း အခုဆိုရင် Future Energy က အဏုမြူစွမ်းအင် (Nuclear Energy) ဆီပဲ သွားကြမှာလေ။ ဒါပေမဲ့ ဘာတွေ့ရလဲဆိုတော့  US Institute တခုက မကြာသေးခင်က ကြေညာခဲ့တာ ရှိတယ်။  Nuclear ပေါက်ကွဲရာမှာ အဆင့် နှစ်ဆင့် ရှိတယ်လေ။ ထားပါတော့။ သူတို့က ဘာကြေညာလဲဆိုတော့ Clean Energy ပေါ့နော်၊ Safe ဖြစ်တဲ့ Energy ကို ရှာဖွေတွေ့ရှိပြီ ဆိုပြီး ပြောခဲ့တာရှိတယ်။ ဒီနည်းပညာက ဈေးကွက်ထဲမှာတောင် မရောက်သေးဘူး။ ဆိုတော့ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ဒါမျိုး နောက်ဆုံးပေါ် နည်းပညာကို ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ အခုသုံးနေတဲ့ နျူးကလီးယား နည်းပညာကိုပဲ ရုရှားက ထုတ်တာ၊ တရုတ်က ထုတ်တာ၊ အမေရိကားက ထုတ်တာ၊ ဂျာမနီက ထုတ်တာ၊ ဂျပန်က ထုတ်တာ ထုတ်တာခြင်းအတူတူမှာ Safety and Quality က ဘယ်တူပါ့မလဲ။ ကားတွေ လိုပေါ့နော်။ ဆိုရှယ်လစ်ခေတ်ကို ကိုယ်တို့လည်း ဖြတ်သန်းခဲ့ရတာပဲလေ။ အဲ့တုန်းက မြန်မာပြည်မှာ ထုတ်တဲ့ E2000 တွေ mazda jeep တွေ စီးခဲ့ကြဖူးတယ် မဟုတ်လား။ ပြောရရင် ကားတော့ ကားပဲ။ ဒါပေမဲ့ အဲ့လို ကားမျိုး ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ အခုလဲ ဒီသဘောပဲလေ။ နျူကလီးယားတော့ နျူကလီးယားပဲ။ သုံးမရတဲ့ နည်းပညာ ဖြစ်နေရင် အပို ဒုက္ခပဲ ရှိလာမယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က မြန်မာပြည်မှာ တည်ဆောက်မယ့် နျူးကလီးယား စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ(Small Modula Reactor-SMR) စီမံကိန်းအတွက် ကနဦး လေ့လာဆန်းစစ်ချက်တွေမှာ လိုအပ်တဲ့ အခြေခံ အချက်အလက်တွေကို working group အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်တာကြောင့် စီမံကိန်းလုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း စစ်ကောင်စီပြန်ကြားရေးကို ပြောဆိုထားပေမဲ့ တည်ဆောက်မယ့် မြေနေရာ နဲ့ ထုတ်ယူမည့် လျှပ်စစ်ဓါတ်အားပမာဏကိုတော့ အသေးစိတ် ပြောဆိုခဲ့တာ မရှိပါဘူး။

ဒါနဲ့ပတ်သတ်ပြီး လျှပ်စစ်နဲ့နည်းပညာဆိုင်ရာကျွမ်းကျင်သူ သုတေသီက အခုလို မှတ်ချက်ပေးပါတယ်။

“ရုရှားလို နိုင်ငံမျိုးက မြန်မာကို ကူညီမယ်ဆိုတော့ အနည်းနဲ့အများ ဂျင်းပါမှာပဲ။ ဒီတော့ Nuclear Technology သွားတာကတော့ Energy ကို generate လုပ်တဲ့ နည်းပညာအရ ပြောရရင် ကောင်းတယ်။ ဒါပေမဲ့ အဲ့ဒါကို စက်ပစ္စည်းပိုင်း quality ပိုင်းမှာ နောက်ဆုံးပေါ် ခေတ်မီ နည်းပညာတွေနဲ့ စိစစ်ဖို့တော့ လိုတာပေါ့။ မြန်မာပြည်နဲ့ ရုရှား  ကြားမှာ ပွဲစားတွေက ခံထားကြတာ။ အဲ့ဒီ့ ပွဲစားတွေက ပုံကြီးချဲ့ပြီး လျှောက်ပြောနေတာ။ အဲ့ဒါကို မူဝါဒ ချတဲ့ သူက သိပ်နားမလည်တော့ ပိုဆိုးဖို့ပဲရှိတယ်။ ဗိုလ်ချုပ်ခင်မောင်မြင့်တို့ လက်ထက်တုန်းက မဟာ ဓာတ်အားလိုင်းဆိုပြီး လုပ်ခဲ့တာ ရှိသေးတယ်။ အဲ့ဒါက အခုအချိန်ထိ ကောင်းကောင်း ပုံပေါ်မလာခဲ့ဘူး။ ဒါက Nuclear လောက်တောင် မခက်ဘူးနော်။ တိုင်ထောင်ပြီး ကြိုးဆွဲတဲ့ဟာလေ။ ဒါပေမဲ့ ဓာတ်အားက မြင့်တော့ တာဝါတိုင်က မြင့်တာပေါ့။ အဲ့ဒါတွေတောင် အခုထိ ဆက်လုပ်တာ မကြားရတော့ဘူး။ အဲ့ပရောဂျက်အတွက် ကမ္ဘာ့ဘဏ်က ပိုက်ဆံချေးပြီး လုပ်တာ။ အကြွေးတွေပဲ တင်သွားခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါ တယ်။

ဒါပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ရုရှားနိုင်ငံက Rosatom Energy Projects နဲ့ Joint Stock ကုမ္ပဏီတို့အကြားမှာ နျူးကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့လိုအပ်တဲ့ (Terms of Reference TOR)နဲ့ပတ်သတ်ပြီး နှစ်ဖက်သဘောတူထားရှိပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013