၂၀၂၂ အိုလံပစ်ပွဲတော် လက်ခံကျင်းပမည့်နိုင်ငံ မရှိဖြစ်နေ

798
၂၀၂၂ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို လက်ခံ ကျင်းပမယ့်နိုင်ငံ မရှိသေးဘူးလို့ နိုင်ငံတကာသတင်းတွေမှာ ရေးပါတယ်။
ပိုလန်နိုင်ငံ ပြည်သူလူထုက ပြိုင်ပွဲကျင်းပဖို့ ကုန်ကျစရိတ် ကြီးမားလွန်းတဲ့အတွက် မကျင်းပဖို့ မဲပေးခဲ့ပါတယ်။
ပိုလန်က ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အိမ်နီးချင်း ဆလိုဗေးနီးယားနဲ့ ပူးပေါင်းကျင်းပဖို့ စီစဉ်ထားပေမယ့် လူထုဆန္ဒခံယူပွဲမှာ ၇၀ ရာခိုင်နှုန်းကျော်က မကျင်းပဖို့ မဲပေးခဲ့တာဖြစ်ပါတယ်။
ဆွီဒင် ဂျာမနီနဲ့ ဆွစ်ဇာလန်နိုင်ငံကလည်း ဒီအိုလံပစ်ပွဲတော်ကို ကျင်းပဖို့ အခွင့်အရေးကို ပယ်ချခဲ့ပါတယ်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပရာမှာ ကုန်ကျစရိတ်ကြောင့် အခုလို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
နော်ဝေနိုင်ငံမှာ ကျင်းပဖို့ အဆိုပြုပေမယ့်လည်း မဟာမိတ် အစိုးရအဖွဲ့တ၀က်နဲ့ မဲဆန္ဒရှင်တွေက ကန့်ကွက်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ကျင်းပဖို့အတွက် တရုတ်နဲ့ ကာဇက်စတန်တို့ပဲ ကျန်နေတယ်လို့ဆိုပါတယ်။
၂၀၁၄ ရုရှားက ဆိုချီမှာ ကျင်းပတဲ့အိုလံပစ်က ဒေါ်လာ ၅၁ ဘီလီယံ ကုန်ကျခဲ့သလို ၂၀၀၈ ပေကျင်းအိုလံပစ်ကလည်း ဒေါ်လာ ၄၀ ဘီလီယံလောက် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
