DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပုဂံအမြန်ရထား စီးမည့်သူမရှိသဖြင့် တပတ်တရက်သာ ပြေးဆွဲမည်
DVB
·
January 24, 2023
ရန်ကုန်-ပုဂံအမြန်ရထား စီးမည့်သူမရှိသဖြင့် တပတ်တရက်သာ ပြေးဆွဲမည်
Donate to DVB

ရန်ကုန်-ပုဂံ အမြန်ရထားကို ဇန်နဝါရီ ၂၃ ရက်ကစပြီး အမှတ် ၆၁ အဆန်နဲ့ အမှတ် ၆၂ အစုန် နေ့စဥ်ပြေးဆွဲပေးသွားမယ်လို့ ကြေညာခဲ့ပေမဲ့ စီးမယ့်သူမရှိလို့  ဇန်နဝါရီ ၂၄ ရက်ကစတင်ကာ တပတ်တရက်သာ ပြေးဆွဲတော့မယ်လို့ မီးရထားနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ရန်ကုန်-ပုဂံ ရထားတစီးထွက်သွားပြီ၊ လူသိပ်မရှိဘူး။ ၂၅ ရက်နေ့ကျရင် ပုဂံ-ရန်ကုန် ရထား ပြန်ဆင်းလာလမ့်မယ်။ ၂၇ ရက်နေ့ကစပြီး အပတ်စဥ် သောကြာနေ့ပဲ ရထားထွက်တော့မယ်။”

အမှတ် ၆၁ အဆန်၊ ၆၂ အစုန် ရန်ကုန်-ပုဂံ-ရန်ကုန် အမြန်ရထားလက်မှတ်ခတွေကတော့ ရိုးရိုးတန်း ၇,၂၀၀ ကျပ်၊ အထက်တန်းထိုင်ခုံ ၁၄,၄၀၀ ကျပ်နဲ့ အထက်တန်းအိပ်စင် ၁၉,၈၀၀ ကျပ် ဖြစ်တယ်လို့ ခရီးသွားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရထားနဲ့သွားရတာ လူတော့သိပ်မရှိဘူး။ ဒါပေမဲ့ စစ်တာဆေးတာ တအားများတော့ မသွားချင်ဘူး။ ရန်ကုန်ကဆို ညနေ ၄ နာရီ ၁၅ ထွက်တယ်၊ ပုဂံ နေ့လယ် ၁၂ နာရီရောက်တယ်။ ပုဂံကပြန်စီးလည်း ဒီအတိုင်းပဲ။”

ရန်ကုန်-ပုဂံ အမြန်ရထား စတင်ပြေးဆွဲရာ ခရီးသည် ၅၄ ယောက်သာရရှိပြီး ခရီးစဥ်တခုကို ဆီဂါလန် ၅၀၀ ကျော်ကုန်ကျတဲ့အတွက် အရှုံးနဲ့ရင်ဆိုင်ရလို့ နေ့စဥ်ပြေးဆွဲမှုကို ရပ်နားရတာလို့ မြန်မာ့မီးရထားမှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အထက်တန်းအိပ်စဥ်နဲ့ အကုန်တွက်ရင်တောင် ၁၀ သိန်းကျော်ပဲရတယ်။ ပြောရရင် ၇ လောက်ပဲရတယ်။ ဆီဖိုးတောင်မရဘူး။ လမ်းပိုင်းတွေကလည်း သိပ်မကောင်းဘူး။”

ခရီးစဥ်တလျှောက် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည် အစရှိတဲ့ ၂၃ ဘူတာကိုလည်း ရပ်ပေးမှာဖြစ်ပြီး လက်မှတ်တွေကို တရက်ကြိုတင် ဝယ်ယူနိုင်သလို မီးရထားဘူတာလက်မှတ်ရုံတွေမှာလည်း ဝယ်ယူနိုင်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013