DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် ချွတ်ပြင်ကျေးရွာဖြစ်စဉ်အတွက် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း
DVB
·
January 24, 2023
ရသေ့တောင် ချွတ်ပြင်ကျေးရွာဖြစ်စဉ်အတွက် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း
1 / 2
Donate to DVB

ရခိုင်​ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင် (မွတ်စလင်) ကျေးရွာမှာ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့  အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ ဥက္ကဋ္ဌတာဝန်ပေးအပ်ထားတဲ့ ဗိုလ်ချုပ်မြတ်ကျော် အငြိမ်းစားယူသွားလို့ ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး သူ့နေရာမှာ ဗိုလ်မှူးချုပ်စိုးတင့်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပြီး ဗိုလ်မှူးကြီးသန်းလှိုင်နဲ့ ဗိုလ်မှူးကြီးမျိုးအောင်တို့ကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးပြင်ဆင်ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် မောင်နုကျေးရွာဖြစ်စဉ်တွေကို  ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေးအတွက် ဗိုလ်ချုပ်မြတ်ကျော်ဥက္ကဋ္ဌအဖြစ် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို စစ်တပ်က ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂ ရက်မှာ ဖွဲ့စည်းခဲ့တာပါ။

ခုံရုံးအဖွဲ့အနေနဲ့ မောင်နုကျေးရွာဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်ပြီးပေမဲ့ ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်ကို  စုံစမ်းစစ်ဆေးရာမှာ ဒေသခံတွေက ချွတ်ပြင်ကျေးရွာနဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေမှာ နေထိုင်မှု မရှိတော့တာ၊ ကိုဗစ်ရောဂါကြောင့် သွားလာမှုကန့်သတ် ထိန်းချုပ်ထားတာကြောင့် ယာယီအမှုပိတ်သိမ်းခဲ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ဆေးရန်ကျန်နေသေးတဲ့ ချွတ်ပြင်ရွာဖြစ်စဉ်ကို လိုအပ်တဲ့ စစ်ဆေး ဆောင်ရွက်မှုတွေကို အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့က ဆက်လက်ဆောင်ရွက် မယ်လို့လည်း သိရပါတယ်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် ညသန်းခေါင်ယံအချိန်မှာ ARSA လက်နက်ကိုင်အဖွဲ့က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းမှ ၃ဝ ကျော်နဲ့ စစ်တပ် တပ်ရင်းတစ်ခုကို တပြိုင်နက်တည်း ဝင်ရောက် စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်တပ် မှ ARSA အားအကြောင်းပြပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ချွတ်ပြင် (မွတ်ဆလင်) ရွာနဲ့ မောင်နုကျေးရွာမှာ နေအိမ်တွေမီးရှို့ခံရပြီး လူအစုအပြုံလိုက် အသတ်ခံရမှုတွေ ဖြစ်ပွားခဲ့ကြကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)က ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ထားခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာမှာ ARSA တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သား မွတ်စလင် လူဦးရေ ၁ဝဝ ကျော်ခန့်၊ ဘူးသီးတောင်မောင်နုကျေးရွာမှာ  လူဦးရေ ၁ဝဝ နဲ့  ၂ဝဝ ကြား အသတ်ခံခဲ့ရတယ်လို့ ဖော်ပြခဲ့တာပါ။

ဒီစွပ်စွဲပြောဆိုမှုတွေနဲ့ပတ်သက်လို့ ဖြစ်စဉ်အမှန် သိရှိစေဖို့ စစ်ကောင်စီတပ်ဘက်က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။

၂ဝ၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်မှာ  မွတ်စလင်တွေ အများအပြားသေဆုံးခဲ့ရကာ ဒီဒေသက မူဆလင် ၆ သိန်းကျော်မှာလည်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013