DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း PDF စခန်း လေကြောင်းမှ တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူး ၁ ဦး ကျဆုံး
DVB
·
January 24, 2023
သပိတ်ကျင်း PDF စခန်း လေကြောင်းမှ တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူး ၁ ဦး ကျဆုံး
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုင်းဟုန်းကျေးရွာအနီးမှာရှိတဲ့ သပိတ်ကျင်း PDF NUG တပ်ရင်း-၁၂၂၂ စခန်းကို စစ်ကောင်စီတပ်က  မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်ခဲ့လို့  စစ်ကြောင်းမှူး ၁ ဦးကျဆုံးပြီး    စခန်းကိုစွန့်ခွာခဲ့ရတယ်လို့  တပ်ရင်း-၁၂၂၂ သတင်းနဲ့ပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နာရီဝက်လောက် ပြုလုပ်ခဲ့ပြီး မြေပြင်ကနေလည်း စစ်အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ၄ ကြောင်း ထိုးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ရင်း-၁၂၂၂ က စစ်ကြောင်းမှူးတဦး ကျဆုံးပြီး တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

လေယာဉ်ကနေ ဗုံးသီးအလုံး ၃၀ လောက် ကြဲခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခဲ့သလို မြေပြင်စစ်ကြောင်းထိုးလာတဲ့ တပ်သားတွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းကိုစွန့်ခွာပြီး ပြန်ဆုတ်ခဲ့ရတယ်လို့ တပ်ရင်း-၁၂၂၂ ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ဆိုပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူးရဲ့ နာမည်နဲ့ အသက်ကိုတော့ တပ်ရင်းအနေနဲ့ ထုတ်ဖော်ပြောကြားတာမရှိသေးဘဲ အားလုံး လုံခြုံသွားတဲ့အချိန်မှသာ အသေးစိတ် ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

တပ်ရင်းစခန်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စခန်းကိုစွန့်ခွာခဲ့ရပြီး စခန်းမှာရှိတဲ့ စက်ပစ္စည်း အသုံးအဆောင်တွေနဲ့ ရိက္ခာပစ္စည်းတွေအပြင် ရဲဘော်တွေရဲ့ ပစ္စည်းအမြောက်အမြား ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတပ်ရင်း စခန်းနားမှာ တိုက်မိုင်းတွေ ထောင်ထားတာကြောင့် စစ်ကောင်စီတပ်သား ၃၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်အချက်အလက်တွေအရ သိရပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013