DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးဆိုးရွားနေသည့် မြန်မာသင်္ဘောသား ၁ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့
DVB
·
January 24, 2023
ကျန်းမာရေးဆိုးရွားနေသည့် မြန်မာသင်္ဘောသား ၁ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့
Donate to DVB

အပြင်းအထန် နာမကျန်းဖြစ်နေတဲ့ မြန်မာသင်္ဘောသားတယောက်ကို   အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက်မှာ ရဟတ်ယာဉ်နဲ့ခေါ်ယူပြီး  ဘူဘန်နက်ဆွာရာမြို့က ပုဂ္ဂလိကဆေးရုံတခုကို ပို့ဆောင်ပေးခဲ့တယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြပါတယ် ။

နေမကောင်းဖြစ်နေတဲ့ မြန်မာသင်္ဘောသား သန်းထိုက်လွင်ဟာ စက်ချို့ယွင်းမှုကြောင့် အနောက်ဘက် ဘင်္ဂလားကမ်းရိုးတန်းမှာ ကျောက်ချရပ်နားထားတဲ့ စင်ကာပူကုမ္ပဏီပိုင် MT GB Venture သင်္ဘောနဲ့ လိုက်ပါလာခဲ့သူ ဖြစ်ပါတယ်။

ဘူဘန်နက်ဆွာရာ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ရဲ့ လေယာဉ်စခန်းကနေ အဆင့်မြင့်အပေါ့စား ရဟတ်ယာဉ် (ALH: Advance Light Helicopter) နဲ့ လူနာကို သယ်ဆောင်ပေးခဲ့ကြောင်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနက် ၁၀ နာရီခွဲလောက်မှာ ဝေဒနာပြင်းထန်စွာ ခံစားနေရတဲ့လူနာကို လေယာဉ်မှူးက သင်္ဘောပေါ်ကနေ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၁၁ နာရီ ၄၀ မိနစ်လောက်မှဦ အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကနေ လူနာကို ဆေးကုသပေးဖို့ ဘူဘန်နက်ဆွာရာမြို့က အပိုလို (Apollo) ဆေးရုံကို ဆက်လက်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။

အဲဒီနောက် ဒေသခံဝန်ထမ်းတွေက ဆေးရုံဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လူနာရဲ့ အခြေအနေက အေးဆေးတည်ငြိမ်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသား သင်္ဘောသား သန်းထိုက်လွင်ဟာ သင်္ဘောရဲ့ ဟိုက်ဒရောလစ်ပိုက်လိုင်းကို ပြုပြင်နေစဉ် ဝမ်းဗိုက်မှာ ပြင်းထန်စွာနာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုခံစားခဲ့ရပြီး အသက်ရှူရ ခက်ခဲခဲ့တယ်လို့  ဆိုပါတယ်။

အဲဒီနောက် သင်္ဘောကပ္ပတိန်က ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကို ဆေးအကူအညီအတွက် လာရောက်ခေါ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်းနဲ့ သင်္ဘောဟာ ပါရာဒစ်ပ်ဆိပ်ကမ်းရဲ့ အရှေ့မြောက်ဘက်၊ အရှေ့ရေမိုင် ၈၀ မှာ ကျောက်ချရပ်နားထားတာဖြစ်ကြောင်း The Statesman သတင်းမှာ ဖော်ပြထားပါတယ်။ 

Ref- The Statesman

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013