ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဇန်နဝါရီ ၂၂ ရက်က မိုင်းပေါက်ကွဲပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ ပန်းမြောင်းဒေသခံတွေက ပြောပါတယ်။
တောင်ဖြူတောင်ဘက်မှာ မနေ့ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က တပ်အပြောင်းအလဲလုပ်နေတုန်း အရင်နေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တဲ့ မိုင်ကို နင်းမိပြီး ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဒေသခံတဦးက ပြောပါတယ်။
“အရင်နေခဲ့တဲ့တပ်က ထောင်ထားတဲ့မိုင်းကို အသစ်ပြောင်းလာတဲ့တပ်က လူတွေက နင်းမိပြီး ပေါက်ကွဲတာ။ တပ်ဖွဲ့ဝင် ၅ ဦးအထိ သေသွားတယ်လို့ သိရတယ်။”
အခုလို မိုင်းကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ စာသင်ကျောင်းရပ်ကွက်က အမျိုးသားတဦး မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။