DVB Logo
Home
မြန်မာသတင်း
ဝဏ္ဏကျော်ထင် ဗိုလ်ချုပ်ကြီး ယွက်စစ် စစ်ကောင်စီနှင့်တွေ့ဆုံရန် နေပြည်တော် ထပ်မံသွားရောက်
DVB
·
January 23, 2023
ဝဏ္ဏကျော်ထင် ဗိုလ်ချုပ်ကြီး ယွက်စစ် စစ်ကောင်စီနှင့်တွေ့ဆုံရန် နေပြည်တော် ထပ်မံသွားရောက်
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ဇန်နဝါရီ ၂၃ မှာ  တာချီလိတ်ကနေ လေယာဉ်နဲ့ နေပြည်တော်ကို ထွက်ခွါသွားပါတယ်။ 

ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်နဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးတို့ကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့  RCSS/SSA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

ဒီတွေ့ဆုံမှုဟာ အရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ရေး၊ လက်ရှိဆွေးနွေးတွေ့ဆုံမှုကနေ တဆင့် နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်မှုမြှင့်တင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် အထောက်အပံ့ဖြစ်မယ်လို့  RCSS က ယုံကြည်ကြောင်း RCSS/SSA ပြန်ကြားရေး ဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့  ချီးမြှင့်ထားပါတယ်။ 

အခုလို ချီးမြှင့်မြှောက်စားပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေကြပေမဲ့ RCSS/SSA က ဖေဖေါ်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို မိုင်းပန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာကိုတော့  စစ်အင်အားတွေတိုးမြှင့်ချထားတာကြောင့် မူလအစီအစဉ်ကို ရုပ်သိမ်းပြီး ဌာနချုပ်လွိုင်တိုင်းလျန်းဌာနချုပ်မှာပဲ ပြန်ကျင်းပဖို့ စီစဉ်ထားရပါတယ်။

Photo-ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013