Email This Story :
နေပြည်တော်မှာ ဗဟိုပြုပြီး လုပ်ကိုင်မယ့် စီမံကိန်းတွေကို တင်ပြတာကြောင့် အမတ်တွေရဲ့ ကန့်ကွက်ချက် ထွက်ပေါ်လာပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ကနေ ဒေါ်လာ ၁၆၃ သန်း ချေးယူဖို့ တင်ပြချက် လွှတ်တော်က ဆိုင်းငံ့ထားလိုက်ပါတယ်။
မေလ ၂၈ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ ဘဏ်ချေးငွေ အတည်ပြုဖို့ တင်ပြခဲ့တာ ဖြစ်ပြီး စီမံကိန်းလုပ်ငန်း မရှင်းလင်းမှု၊ အကောင်အထည် ဖော်မယ့် နေရာဟာ နေပြည်တော်မှာ ဖြစ်နေမှု စတာတွေကြောင့် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာပြီး ဆိုင်းငံ့ခံလိုက်ရတာ ဖြစ်ပါတယ်။
ဝေဖန်သူ လွှတ်တော်အမတ်တွေကတော့ စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းတွေကို ဆင်းရဲတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အကောင်အထည် ဖော်ဖို့ အကြံပြုခဲ့ကြပါတယ်။