DVB Logo
Home
မြန်မာသတင်း
တနှစ်အတွင်း ကုမ္ပဏီ ၅,၀၀၀ ကျော်ကို မှတ်ပုံတင်ပယ်ဖျက်
DVB
·
January 23, 2023
တနှစ်အတွင်း ကုမ္ပဏီ ၅,၀၀၀ ကျော်ကို မှတ်ပုံတင်ပယ်ဖျက်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ၂၀၂၂ ခုနှစ်အတွင်း ကုမ္ပဏီပေါင်း ၅,၀၀၀ ကျော်ကို ကုမ္ပဏီ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံခဲ့ရတဲ့ ကုမ္ပဏီအရေအတွက်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ် ကုမ္ပဏီပေါင်း ၄၀၀ ကနေ ၅၀၀ ကြားအထိရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတွေ ပါဝင်ပါတယ်။

၂၀၂၂ ဇန်နဝါရီလအတွင်းမှာ ကုမ္ပဏီပေါင်း ၄၀၀၊ ဖေဖော်ဝါရီလမှာ ကုမ္ပဏီ ၄၀၀၊ မတ်လမှာ ကုမ္ပဏီပေါင်း ၅၀၀၊ ဧပြီလမှာ ကုမ္ပဏီ ၃၀၀၊ မေလမှာ ၅၀၀၊ ဇွန်လနဲ့ ဇူလိုင်လမှာ စုစုပေါင်း ကုမ္ပဏီ ၈၀၀၊ ဩဂုတ်လမှာ ကုမ္ပဏီ ၅၀၀၊ စက်တင်ဘာလမှာ ကုမ္ပဏီ ၄၀၀၊ အောက်တိုဘာလမှာ ကုမ္ပဏီ ၄၀၀၊ နိုဝင်ဘာလမှာ ကုမ္ပဏီ ၅၀၀၊ ဒီဇင်ဘာလအတွင်းမှာ ကုမ္ပဏီပေါင်း ၄၀၀ ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013