Email This Story :
မြန်မာကားလ်ဘတ်စ် ကုမ္ပဏီဟာ Carlsberg အမှတ်တံဆိပ်အပြင် အခြား ဘီယာ အမှတ်တံဆိပ် (၈) မျိုးကိုပါ တပြိုင်နက်တည်း မှတ်ပုံတင်ခဲ့တယ်လို့ ကုန်ပစ္စည်း မူပိုင်ခွင့် မှတ်ပုံတင်ရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာကားလ်ဘတ်စ် က မှတ်ပုံတင်ခဲ့တဲ့ ဘီယာ အမျိုးအစား အမှတ်တံဆိပ်တွေကတော့ ပဲခူး (ဘဂိုး) ဘီယာ၊ ပဲခူးရိုးမ (ဘဂိုး) ဘီယာ၊ ဆင်းဘီယာ၊ ဆင်မင်း ဘီယာ၊ ဆင်ဖြူတော် ဘီယာ၊ ဟင်္သာဘီယာ၊ ရိုးမ ဘီယာ နဲ့ Elephant Beer တွေဖြစ်ကြပါတယ်။
အခုလို ဘီယာ အမှတ်တံဆိပ် အများအပြား မှတ်ပုံတင်ထားတာဟာ အားလုံးထုတ်လုပ်ဖို့ မဟုတ်ပဲ ဆင်တူရိုးမား အတုအပပြုလုပ်လာမှာကို ကြိုတင်ကာကွယ်ဖို့ ဖြစ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်မောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာကားလ်ဘတ်စ် ဘီယာကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆီကနေ မြန်မာနိုင်ငံမှာ Carlsberg အမှတ်တံဆိပ် ဘီယာတွေ ထုတ်လုပ်ခွင့် ရထားပြီး စက်ရုံတည်ဆောက်နေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။