DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီရွေးကောက်ပွဲဟာ မြန်မာပြည်သူ့ဆန္ဒမဟုတ်ကြောင်း ဂျပန်လွှတ်တော်တွင်း လှုပ်ရှားမှုပြုလုပ်
DVB
·
January 23, 2023
စစ်ကောင်စီရွေးကောက်ပွဲဟာ မြန်မာပြည်သူ့ဆန္ဒမဟုတ်ကြောင်း  ဂျပန်လွှတ်တော်တွင်း လှုပ်ရှားမှုပြုလုပ်
1 / 3
Donate to DVB

စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒမဟုတ်တဲ့အတွက် လက်မခံဖို့ စည်းရုံးလှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (ဂျပန်)က ဦးဆောင်ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့အတူ ဇန်နဝါရီ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက တိုကျိုမြို့ရှိ ဂျပန်လွှတ်တော်အမတ်များအဆောက်အအုံမှာ သွားရောက် ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင်အာဏာသိမ်းထားတာ ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဂျပန်လွှတ်တော်တွင်းကြားနာပွဲတခုကျင်းပဖို့ ဂျပန်လွှတ်တော်အမတ်တွေကို ဖိတ်ကြားစာလိုက်ပို့ရင်းနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ စည်းရုံးလှုံ့ဆော်ခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရဂျပန်ကိုယ်စားလှယ် စောဘလှသိန်းက “ သူတို့ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြင်ဆင်နေတဲ့ရွေးကောက်ပွဲက မြန်မာပြည်သူ တွေရဲ့ဆန္ဒနဲ့ ထွက်ပေါက်မဟုတ်ကြောင်း ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို တခန်းဆီ လိုက်ဝေတာပါလုပ်ကြတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်သူတွေကို စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတာတွေကိုရပ်တန့်ဖို့၊ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ အစိုးရထံ အမြန်ဆုံး အာဏာပြန်လွှဲပေးဖို့ စတာတွေ လုပ်ဆောင်လာအောင်  ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို  ဖိအားပေးဆောင်ရွက်ဖို့ တောင်းဆိုထားတဲ့စာမှာ ဂျပန်လွှတ်တော် အမတ်တွေ လက်မှတ်ရေးထိုးပေးဖို့လည်း စည်းရုံးလှုပ်ရှားခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ ဂျပန်လွှတ်တော် အဆောက်အအုံရှိ အထက်နဲ့ အောက်လွှတ်တော် အမတ်တွေရဲ့ ရုံးခန်းအသီးသီးကိုသွားရောက်ပြီး မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုရှင်းပြကာ လက်ကမ်းစာစောင်ဝေရင်း တောင်းဆိုစာမှာ လက်မှတ်ထိုးပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုမျိုးမင်းဆွေက “ကျနော်တို့ ဂျပန်လွှတ်တော် အထက်နဲ့ အောက်လွှတ်တော် ၂ ခု ပေါင်း အမတ် ၇၁၃ ဦးရှိတဲ့အထဲက စုစုပေါင်းအမတ် ၆၉၀ ကျော် ရဲ့ အခန်းစီကို လိုက်ဝေနိုင်ခဲ့ပါတယ်။  တချို့ဂျပန်အမတ်တွေလည်း မြန်မာအရေးကို စိတ်ဝင်တစား ပြန်ခေါ်ယူဆွေးနွေးတာတွေလည်းရှိတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်လက မြန်မာနိုင်ငံမှဦ  ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ဂျပန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေ အားလုံးကတညီညွတ်တည်းအသိအမှတ်ပြုလက်ခံထား ဖြစ်ပေမဲ့ စစ်တပ်က မဲစာရင်းအကြောင်းပြပြီး တရားမဝင် အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ 

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ် ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ မစ္စတာ ဆာဆာာဝါကလည်း ၂၀၂၀ ရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းနဲ့အညီစီမံထားပြီး လွတ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်တာကို တွေ့မြင်ရလို့ အထူးပင်ဂုဏ်ပြုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၂၀ နိုဝင်ဘာ ၁၀ ရက်ကတွေ့ဆုံ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013