Home
သတင်းဓာတ်ပုံ
မလေးရှား၊ အီပို့မြို့၌ တော်လှန်ရေးရန်ပုံငွေပွဲနှင့် ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
January 22, 2023
326319427_2280321662178334_2729564707228981875_n
326245917_703864274597984_4771971412182747070_n
326054185_528205835953688_3235691803868254960_n
326038844_849388749693397_3007432025481241324_n
325853292_3358401567735112_3797074780969455535_n
325602600_1218152085800668_1388422027391244336_n

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲနဲ့ တော်လှန်ရေး ရန်ပုံငွေဘောလုံးပွဲ၊ တေးဂီတဖျော်ဖြေပွဲကို  မလေးရှားနိုင်ငံ၊ အီပို့မြို့မှာ  ဇန်နဝါရီ ၂၂ ရက် က ကျင်းပပါတယ်။

အကြမ်းဖက်စစ်ကောင်စီကကျင်းပဖို့ စီစဉ်နေတဲ့ ၂၀၂၃ တရားမ‌၀င် အတုအယောင် ရွေးကောက်ပွဲအား အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မလေးရှားရောက်  မြန်မာပြည်သားတွေဟာ တနင်္ဂနွေအလုပ်ပိတ်ရက် အပတ်စဉ်တိုင်း တော်လှန်ရေးရန်ပုံငွေပွဲတွေ ကျင်းပတာဖြစ်ပြီး ဒီနေ့ပွဲကိုတော့ အီပို့မြို့ခံ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့  အရှင်ထာ၀ရ ရွှေဝါရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း ကျင်းပတာပါ။ 

ဘောလုံးပွဲမှာတော့ အသင်း ၁၂ သင်း ပါ၀င်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ဘောလုံးပြိုင်ပွဲ ကျင်းပနေချိန်မှာ CSP အမှန်တရားဘက်တော်သားများအဖွဲ့တီးဝိုင်းက တေးသီချင်းတွေနဲ့ တီးခတ်ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024