DVB Logo
Home
မြန်မာသတင်း
ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းများ နာရီဝက်ကျော်အတွင်း ရောင်းကုန်
DVB
·
January 22, 2023
ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းများ နာရီဝက်ကျော်အတွင်း ရောင်းကုန်
Donate to DVB

ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကနေ ဇန်နဝါရီ ၂၁ ရက်က စတင်ရောင်းချနေရာမှာ နာရီပိုင်းအတွင်း ၃ ခန်းတွဲနဲ့ ၁ ခန်းတွဲ အခန်းအားလုံး ရောင်းကုန်ခဲ့တယ်လို့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ရဲရင့်နွေဦး ကွန်ဒိုက 3-Bedroom အခန်းပေါင်း ၃၆၀ ကို  ၃၃ မိနစ်အတွင်း ရောင်းကုန်ခဲ့သလို အခန်း ၇၇၀ ရှိတဲ့ 1-Bedroom အခန်း (၁၀၀)ကိုလည်း ရောင်းကုန်သွားတာလို့ သိရပါတယ်။

စတင်ရောင်းချမယ့်နေ့မတိုင်ခင်ကလည်း ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော် အခန်းအရေအတွက် ၃၀၀ ကျော်ကို ကြိုတင်ဝယ်ယူမယ့် အမှာစာတွေလက်ခံရရှိထားပြီးဖြစ်တယ်လို့လည်း NUG ဘက်ကထုတ်ပြန်ထားပါတယ်။

ရဲရင့်နွေဦးကွန်ဒိုအခန်းတွေကို ၃ လပြတ် အရစ်ကျစနစ်နဲ့ အများဆုံး ရောင်းချနေတာဖြစ်ပြီး NUG ကရောင်းချပေးနေတဲ့ ကွန်ဒိုတိုက်ခန်းခတွေဟာ စျေးနှုန်းအရ ဆယ်ဆလောက်သက်သာတဲ့အတွက် ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ထားပါတယ်။

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၊ ၁၀၆ အကြမ်းဖက်တပ်ပိုင်မြေနေရာမှာ ဆောက်လုပ်မယ့် NUG ရဲ့ ၂၀၂၃ စီမံကိန်းတွေထဲက ပထမဆုံး စီမံကိန်းအနေနဲ့ အမျိုးအစား ၄ မျိုး အခန်းပေါင်း ၈၅၀ ပါတဲ့ ရဲရင့်နွေဦးကွန်ဒိုကို စတင်ရောင်းချနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013