DVB Logo
Home
မြန်မာသတင်း
ကရင်လူငယ်အရေးလှုပ်ရှားနေသူ ၁ ဦး ဖမ်းဆီးခံရ
DVB
·
January 21, 2023
ကရင်လူငယ်အရေးလှုပ်ရှားနေသူ ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း အိမ္မဲမြိုနယ်၊ လက်ပံကုန်း‌ရွာနေ ကရင်လူငယ်အရေးလှုပ်ရှားဆောင်ရွက်နေသူ  စသိန်းဇော်မင်းကို ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က နေအိမ်မှာလာရောက် ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

နီးစပ်သူ တဦးက  "မနေ့က ၁၀ နာရီလောက်က စစ်သားတွေ သူ့အိမ်ကို လာတယ်။ စစ်စရာ ရှိတယ်ဆိုပြီး အိမ္မဲမြိုမစခန်းမှာ စစ်တယ်။ ပြီးတော့ သူကို မျက်နှာကို အဝတ်စည်းပြီး ကားပေါ် ခေါ်တင်သွားတယ်။ မြောင်းမြခေါ်သွားတယ်ဆိုပြီး သူ့မိသားစုဝင်တွေ လိုက်သွားတော့ ဘာသတင်းအစအနမှ မရဘူး။ သူ့ကို ဘယ်ခေါ်သွားတယ်ဆိုတာ မသိရတော့ သူအဖေနဲ့အမေက သူ့သားအတွက် အရမ်းစိတ်ပူနေတယ်" လို့ ပြောပါတယ်။ 

ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း အိမ္မဲမြိုနယ် စာပေနဲ့ ယဉ်ကျေးမှုရုံးမှာ ကွန်ပျူတာသင်တန်း အတွက် အစည်းအဝေးလုပ်ချိန် သူ့ကို ပထမအကြိမ် စစ်ကောင်စီတပ်တွေက  ဖမ်းဆီးခဲ့ကာ နောက်နေ့ မနက် ၉ နာရီမှာတော့ ပိုက်ဆံ ၁၅ သိန်းပေးပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

နီးစပ်သူတဦးက  "အရင်တခေါက်က သူ့ကို PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး  ခေါ်စစ်တယ်။ ဒါပေမယ့် သူမှာက ဘာနဲ့မှ အဆက်အသွယ် မရှိဘူး။ အခုတခါ ဘာကြောင့် ဖမ်းသွားတာလဲဆိုတာ အခုထိ မသိရသေးဘူး။ ညတုန်းကတော့ သူနဲ့ အရင်က အဝင်အထွက်လုပ်ဖူးတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ စောနေမှူးကိုလည်း မိသားစုလိုက် ဖမ်းသွားတယ် ကြားရတယ်" လို့ ပြောပါတယ်။ 

အခုလက်ရှိ ဧရာဝတီတိုင်းမှာ PDF တွေ ပြန်လည်ဝင်ရောက်လာတယ်ဆိုပြီး ကားဂိတ်တွေ၊ ရွာ တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးတွေက စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013