
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပလမြို့မှာ ရဲစခန်းက ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတဲ့နေရာကို ဇန်နဝါရီ ၂၀ ရက်က ဖြတ်သွားတဲ့ ဒေသခံ ၁ ယောက်အား ပလမြို့ရဲစခန်းက သေနတ်နဲ့ ပစ်သတ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ညနေ ၅ နာရီက ရဲစခန်းနားက ပိတ်ထားတဲ့နေရာကို ဆိုင်ကယ်မောင်းပြီး ဖြတ်သွားတဲ့ ဒေသခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သေဆုံးသူ အလောင်းကို မိသားစုဝင်တွေက ပြန်တောင်းပေးမဲ့ မပေးသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
"ဆိုင်ကယ်နှင့်သူ့အိမ်ကို ပြန်လာတာပါ။ ရဲစခန်းနားက လမ်းပိတ်ထားတဲ့ နေရာကို ဖြတ်သွားချိန် ပစ်သတ်လိုက်တာ။ ဆိုင်ကယ်ရော အလောင်းရော ကားနဲ့ လာသယ်သွားတယ်။”
သေဆုံးသူအမျိုးသားမှာ အသက် ၅၅ နှစ်အရွယ် ဦးလွန်းခင်ဖြစ်ပြီး သမီးဖြစ်သူအိမ်ကနေအပြန် ရဲစခန်းနားက ပိတ်ထားတဲ့နေရာကို ဖြတ်သွားချိန်မှာ ပစ်သတ်ခံလိုက်ရတာပါ။
အရင်က ခုလို ဖြတ်သွားဖြတ်လာတွေကို စစ်ဆေး မေးမြန်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ရဲစခန်းကို ဒေသကာကွယ်ရေးတပ်က ဝင်တိုက်ခဲ့တာကြောင့် လုံခြုံရေးတင်ကျပ်ထားတယ်လို့ သိရပါတယ်။