Home
မြန်မာသတင်း
DKBA ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း၏နေအိမ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
January 21, 2023

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာမှာရှိတဲ့ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို  ဇန်နဝါရီ ၂၁ ရက် ည ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၃ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အလုပ်သမားတန်းလျားတစ်ခုနဲ့ DKBA ဗိုလ်မှူးကြီးရဲ့ နေအိမ်ခြံဝင်းအတွင်းက အဆောက်အအုံ ၂ လုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)အဖွဲ့ဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ)မှာ ပါဝင် လက်နက်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့  အမြဲတမ်းလက်တွဲ  ကူညီတိုက်ခိုက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024