DVB Logo
Home
Lead Story
လစာစရိတ် နည်းပါးမှု အမတ်များ တင်ပြ
DVB
·
May 29, 2014
လစာစရိတ် နည်းပါးမှု အမတ်များ တင်ပြ
Donate to DVB

ပြည်ထောင်စုအဆင့် အမတ်တွေရတဲ့ လစာနဲ့ အခြားစရိတ်တွေဟာ လုပ်ငန်းတာဝန်နဲ့ လိုက်လျောညီထွေ မဖြစ်ဘဲ အလွန်နည်းပါးနေတယ်လို့ လွှတ်တော်အခွင့်အရေး ကော်မတီက လွှတ်တော်မှာ အစီရင်ခံပါတယ်။

[caption id="attachment_57464" align="alignright" width="300"]ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနု ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနု[/caption]မေ ၂၈ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံတာ ဖြစ်ပြီး လွှတ်တော်အမတ် အတော်များများကလည်း ထောက်ခံပြောဆိုကြပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေဟာ ၁ လ လစာ ကျပ် ၃ သိန်း၊ နေပြည်တော်မှာ လွှတ်တော်တက်စဉ် တည်းခိုခ၊ စားစရိတ်နဲ့ အထွေထွေ တနေ့ ကျပ် ၁ သောင်း ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် လွှတ်တော်အကြောင်း ရှင်းပြဖို့ ကိုယ့်မဲဆန္ဒနယ်မြေတွေဆီ သွားတဲ့အခါ တချို့ခရီးဆို ခရီးစရိတ် ကျပ် သိန်း ၂၀ လောက် ကုန်ကြောင်း၊ ကုန်ကျစရိတ် အလွန်များကြောင်း၊ တချို့ ပြည်သူတွေဆို သူအတွက် ငွေ ၁၀ သိန်းလောက် စုထားပေးပြီး ၂ ကျပ်တိုးနဲ့ ပြန်ချေးထားတာတွေတောင်ရှိကြောင်း ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက လွှတ်တော်ထဲမှာ တင်ပြပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013