DVB Logo
Home
မြန်မာသတင်း
တနှစ်အတွင်း တရားမဝင်ကုန်ပစ္စည်းတန်ဖိုး ငွေကျပ် ၆၅ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
January 19, 2023
တနှစ်အတွင်း တရားမဝင်ကုန်ပစ္စည်းတန်ဖိုး ငွေကျပ် ၆၅ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ
Donate to DVB

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တနှစ်အတွင်းမှာ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု တန်ဖိုးက ငွေကျပ် ၆၅ ဘီလီယံရှိပြီး မနှစ် ကာလတူထက် ၅၆ ဘီလီယံကျော် ပိုများခဲ့တယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညိုနှိုင်း အစည်းအဝေးမှာ  အဲဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်တာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ တနှစ်အတွင်းမှာတော့ တရားမဝင် ကုန်ပစ္စည်း တန်ဖိုး ငွေကျပ် ၈ ဒသမ ၄၅၉ ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့  တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရရှိမှုက ၆၅ ဒသမ ၀၅၆ ဘီလီယံရှိလာတာဖြစ်လို့  ၈ ဆကျော် ပိုများခဲ့တယ်လို့ သိရပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကို အရင်က ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ စစ်ဆေးရေးစခန်းတွေမှာပဲ စစ်ဆေးဖမ်းဆီးရာကနေ နောက်ပိုင်းမှာ ကုန်သွယ်မှုလမ်းကြောင်း မဟုတ်တဲ့ ကုန်ပစ္စည်းသိုလှောင်ရုံတွေ၊ အဆောက်အဦတွေကိုပါ သတင်းရယူပြီး ဝင်ရောက်စစ်ဆေး ဖမ်းဆီတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီးရရှိမှုတွေ တိုးတက်လာတာ ဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေမှာ တာဝန်ကျဝန်ထမ်းတွေ ပါဝင်ပတ်သက်မှုမရှိဖို့၊ လာဘ်ပေးလာဘ်ယူကိစ္စ မလုပ်ဖို့ သတိပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတွေကို အခကြေးငွေရယူပြီး လက်ခံဆောင်ရွက်ပေးနေတဲ့ တရားမဝင်ဂိတ်တွေကို လျှော့ချ ဖျက်သိမ်းမှာဖြစ်ပြီး တရားဝင် ဝင်/ထွက်ပေါက်တွေကို ပိုတိုးချဲ့ဖွင့်လှစ်ဖို့ လုပ်ဆောင်မယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုမှာ သွင်းကုန်တွေကို ပို့ကုန်ကရရှိတဲ့ ဝင်ငွေ ဒါမှမဟုတ် တခြားဝင်ငွေ ဝင်ရောက်မှုတွေအပေါ် အခြေခံပြီး တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ပြီးနောက်မှာ သွင်းကုန်လိုင်စင် လျှောက်ထားမှုတွေ သိသိသာသာ ကျဆင်းသွားပါတယ်။

ဒါပေမဲ့ ချစ်ကြည်ရေးတံတားကတဆင့် မြဝတီမြို့ကို ဝင်ရောက်နေတဲ့ သွင်းကုန် ကုန်တင်ယာဉ် အရေအတွက်အနေနဲ့ သိသိသာသာ ကျဆင်းသွားခြင်း မရှိတာ‌ကြောင့် ဒါဟာ ကုန်စည်တွေ တရားမဝင်နည်းလမ်းကနေ ဆက်လက်ဝင်ရောက်နေတာဖြစ်တယ်လို့လည်း ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

PHOTO-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013