ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) သုံးသပ်ချက်

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ဇွန် ၁၂ ရက်မှာ စတင်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု ၈ ခုအနက် အုပ်စု - ခ အုပ်စုတွင်း သုံးသပ်ချက် ဖြစ်ပါတယ်။ world cupလက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းဟာ အုပ်စု - ခ မှာ နယ်သာလန်၊ ချီလီ၊ သြစတြေးလျအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး အုပ်စုတွင်းပါတဲ့ အသင်းတွေ ကြည့်ပြီး ယေဘုယျပြောရင် လက်ရှိချန်ပီယံ စပိန်နဲ့ နယ်သာလန်တိုပဲ အုပ်စုတက်မယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ဦးဟိန်းသန့်ကတော့ ဒီအုပ်စုမှာပါတဲ့အသင်း ၄ သင်းစလုံး ခြေညီတယ်လို့ သုံးသပ်ပါတယ်။ “၄ သင်းစလုံးက ခြေညီတယ်။ ၄ သင်းစလုံး အနေအထားကတော့ အုပ်စု တက်မယ့် အသင်းက မှန်းရခက်တယ်။ နယ်သာလန်က ပြဿ နာ နည်းနည်းရှိတယ် ကျစ ပြုနေတယ်။ သူတို့ကို သိပ်အားမရဘူး။ ချီလီက လူငယ်တွေများပြီး ဒီနှစ်မှာ ပိုပြီး အတွေ့အကြုံလေး ရလာပြီ။ သြစတြေးလျက သက်ကြီးကစားသမားတွေများတော့ ဘရာဇီးရာသီဥတုဒဏ်နဲ့ ဆက်တိုက်ကစားဖို့ သိပ်မလွယ်ဘူးပေါ့။ စပိန် က အရှိန်နဲ့ သွားဖို့ရှိတယ်။ ဒါပေမယ့် သူတို့က စပိန်က ပိုဆိုးတာက အုပ်စု အထနှေးတယ်။ စကစားရမှာက နယ်သာလန် ဆိုတော့ သူတို့လည်း ကျပ်သွားဖို့ များတယ်။ ဒီအုပ်စုက အဓိက ကျနော်မှန်းတာကတော့ တောင်အမေရိက ဒေသခံအသင်းဖြစ်တဲ့ ချီလီ တက်ဖို့များတယ်။ ကျန်တဲ့ ၂ သင်းကတော့ စပိန်၊ နယ်သာလန် တသင်းသင်းတော့ တက်ဖို့ များတယ်။” ကလပ်အသင်းတွေမှာ လတ်တလော ခြေစွမ်းပြနေကြတဲ့ စပိန်က ရာမို့စ်၊ အင်ဒီယေစတာနဲ့ နယ်သာလန်က ဒဏ်ရာက သက်သာလာစ ဗန်ပါစီတို့ဟာ အုပ်စု - ခ မှာ စောင့်ကြည့်ရမယ့် ကစားသမားတွေ ဖြစ်ပါတယ်။ လာမယ့် ဇွန် ၁၃ ရက်မှာ အုပ်စု ခ က စပိန်နဲ့ နယ်သာလန်၊ ချီလီနဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up