DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်- ဘောလခဲလမ်းကို ကရင်နီပြည်အစိုးရက ၃ ရက်ပြန်ဖွင့်ပေး
DVB
·
January 18, 2023
လွိုင်ကော်- ဘောလခဲလမ်းကို ကရင်နီပြည်အစိုးရက ၃ ရက်ပြန်ဖွင့်ပေး
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော် – စံပြ ၆ မိုင် – ဒေါတမကြီး – ဘောလခဲလမ်းကို  ဒီကနေ့ ဇန်ဝါရီ ၁၈ ရက်နေ့မှာ ဖွင့်ပေးလိုက်ပြီး ၃ ရက်ဆက်တိုက်သွားလာခွင့်ပြုမယ်လို့  ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့စတင်ပြီး ၃ရက်ဆက်တိုက် သွားလာခွင့်ပြုမှာဖြစ်ပြီး နောက်တစ်ကြိမ်ကို ၁၀ ရက်အကြာမှ ပြန်လည်သွားလာခွင့်ပြုမှာဖြစ်ပေမဲ့ သွားလာခွင့်ကို မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိသာ ဖွင့်ပေးထားတယ်လို့ ကြေညာပါတယ်။

ခရီးသွားလာခွင့်ကို ၁၀ ရက်မှာ တကြိမ်နဲ့ တကြိမ်ကို ၃ ရက်သာ ခရီးသွားလာခွင့်ပြုမှာဖြစ်ကြောင်းနဲ့ ပြည်နယ်ခြားခရီးသည်၊ အလုပ်သမားတွေ လုံးဝ ဖြတ်သန်းသွာလာခြင်းမပြုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ကန့်သတ်ကုန်ပစ္စည်း သယ်ဆောင်တာ လုံးဝမပြုလုပ်ဖို့နဲ့ သာရေးနာရေးကိစ္စနဲ့ သွားလာပါက သက်သေခံအထောက်အထား ပြည်စုံမှာသာ ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ ဆိုပါတယ်။

အဲဒီလမ်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ အများပြည်သူလုံခြုံရေးအတွက် ယာယီပိတ်ထားခဲ့တဖြစ်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတာတွေ မကြာခဏထုတ်ပြန်ကာ ပြန်လည်သွားလာခွင့်ပြုတဲ့အချိန်မှာလည်း တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ စတဲ့ တစ်ပတ်မှာ သုံးရက် သွားလာခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းလောက်ကစပြီး လွိုင်ကော် - ဖားဆောင်းဘက်အသွားအလာ တွေကို ပိတ်ထားခဲ့သလို ဇန်နဝါရီ ၁၂ ရက်ကစပြီးတော့လည်း လွိုင်ကော်ကနေ ဖရူဆိုမြို့၊ နန်းဖဲ-ဘောလခဲ- ထူးချောင်းလမ်းမကြီးကို  ခရီးသွားလာတာ ထပ်ပိတ်ထားလိုက်ပါတယ်။

ဇန်နဝါရီ ၁၂ ရက်ကစပြီး အခြေအနေပေါ်မူတည်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း- ၁၆ က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုလမ်းတွေပိတ်ခဲ့လို့ ကုန်စည်စီးဆင်းမှုတွေမရှိတော့ဘဲ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကိုသာ အားကိုးရောင်း ချရတဲ့ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်က ကုန်စုံဆိုင်တွေ ပိတ်ထားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013