DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်၌ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြ
DVB
·
January 18, 2023
ရေစကြိုမြို့နယ်၌ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာ ၁၀ ရွာမှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ ​ လူဦးရေ ၁၀၀၀ ကျော်နဲ့ စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်လို့ ပခုက္ကူခရိုင် အမှတ် (၁၀)တပ်ရင်း သွေးသောက်တပ်ခွဲကနေ သိရပါတယ်။

ရေစကြိုမြို့နယ်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ကျေးရွာ ၁၀ ရွာကိုလှည့်လည်ပြီး ဒီမနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဆန္ဒပြခဲ့ကြတာမှာ သွေးသောက်တပ်ခွဲရဲ့ ရဲဘော်တွေက ဆန္ဒပြပွဲကို  လုံခြုံရေးဆောင်ရွက်ပေးကာ ပြည်သူတွေကို အအေး ၊ရေသန့်နဲ့ မုန့်တွေ ဝေငှလှူဒါန်းခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတရပ်လုံးက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆီကနေ မတရားအာဏာသိမ်းပြီး သူတို့ရဲ့ထွက်ပေါက် ဟန်ပြရွေးကောက်ပွဲကျင်းပတာကို လုံးဝလက်ခံစရာအကြောင်းမရှိတာကြောင့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြတာလို့ သွေးသောက်တပ်ခွဲရဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို လူဦးရေ သန်းခေါင်စာရင်းကောက်ဖို့ ပြင်ဆင်နေတဲ့ သူတွေနဲ့ Non-CDM ဝန်ထမ်းတွေအပါဝင် စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို အားပေးအားမြှောက်ပြုလုပ်သူတွေကိုလည်း အပြစ်ပေး အရေးယူသွားမယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်နဲ့ ရေစကြို မြို့နယ်တွေမှာလည်း စစ်ကောင်စီအလိုကျ တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ ပြုစုနေတဲ့ မြို့နယ် လဝက ရုံးတွေကို ဇန်နဝါရီလ ၃ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013