
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာအနီး ဆတ်သေချောင်းအနားမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၃ ဦး ပါဝင်တဲ့ စစ်ကောင်စီစစ်တပ်ကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃)မှ ဒုတပ်ခွဲမှူးလင်းယုန် ဦးဆောင်တဲ့အဖွဲ့က ဒီနေ့မနက် ၉ နာရီလောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF လင်းယုန်စစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော်အးလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပဲခူး PDF လင်းယုန်စစ်ကြောင်းကတာဝန်ရှိသူက ပြောပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ပြီး အနီးအနားရှိ တောင်သူတွေရဲ့ ယာတဲ ၇ လုံးအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒီဗွီဘီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။