DVB Logo
Home
မြန်မာသတင်း
သမ္မတကြီး ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ဟု သတင်းထွက်ပေါ်
DVB
·
January 16, 2023
သမ္မတကြီး ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ဟု သတင်းထွက်ပေါ်
1 / 2
Donate to DVB

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ ထောင်ဒဏ်ချမှတ်ခံရထားရတဲ့ အကျဉ်းသားတချို့ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ကနေ ဇန်နဝါရီ  ၁၄ ရက်နေ့က တောင်ငူထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။

တောင်ငူထောင်ကမကြာခင်ကလွတ်လာတဲ့ ထောင်၀န်ထမ်းတွေနဲ့ နီးစပ်သူတဦးက “ဇန်နဝါရီ ၁၄ ရက်က Express ကား ၂ စီးဝင်လာတာ၊ သာမန်အကျဉ်းသားဆိုရင် ထောင်အပြင်မှာ ရပ်ပြီး လမ်းလျှောက်ဝင်ရတာ။ အခုက VIP တွေထင်တယ်။ အထဲအထိ မောင်းဝင်သွားတယ်။ နောက် ပြီး မနေ့က ညပိုင်းတာဝန်ကျတဲ့ ဝန်ထမ်းတွေက ခါတိုင်းဆို မနက်ကိုပြန်ထွက်ရတာ။ အခုသူတို့ ပြန်မထွက်ရဘူး။  Duty Change မပေးဘူး၊ နေ့သမားတွေလည်း အခုထိမဝင်ရဘူး။ သတင်းထွက်မှာစိုးလို့ ထင်တယ်၊ အပြင်မှာလည်း လုံခြုံရေးတွေ အများကြီးပဲတိုးချထားတယ်။ အရင်ကတည်းကလည်း သမ္မတကြီးကို ဒီကိုရွှေ့မယ်လို့ကြားထားတာ”လို့ပြောပါတယ်။

သမ္မတကြီးကို တောင်ငူထောင်ကို ရွှေ့လိုက်တဲ့ကိစ္စနဲ့ သီးခြားအတည်ပြုနိုင်ဖို့ တောင်ငူထောင်တာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုမယ့်သူ မရှိပါဘူး။

တောင်ငူ ထောင်ပတ်ဝန်းကျင်မှာတော့  တောင်ငူ ရဲတပ်ရင်း ၁၁ နဲ့ စစ်ကောင်စီတပ်အင်အား ၈၀ လောက် လုံခြုံရေးချထားပေမဲ့ ထောင်ဝင်စာ ပါဆယ်ပို့သူတွေကိုတော့ ခါတိုင်းလို ပဲ ပို့လို့ရသေးတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တယောက်က ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာဘဲ ရန်ကုန် အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသားတွေ ကား ၄ စီးနဲ့ ပြောင်းသွားတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

သာယာ၀တီထောင်ကို ထောင်ဝင်စာပို့ပြီး ပြန်တဲ့သူတယောက်က “အချုပ်ကားတစ်စီးမှာ မိန်းကလေးတွေချည်းဘဲ၊ နောက်အချုပ်ကား ၃ စီးမှာ ယောကျ်ားလေးတွေ၊ စုစုပေါင်း အချုပ်ကား ၄ စီးရွှေ့လိုက်တယ်။ သာယာ၀တီထောင်ဘက်မှာကျတော့ သမ္မတကြီးကို သာယာ၀တီထောင်ကို ရွှေ့လိုက်ပြီလို့ အသံလွှင့်ထားတယ်”လို့ပြောပါတယ်။

တကယ်တမ်းမှာ သာယာ၀တီထောင်ကို ရောက်လာတဲ့ ထောင်ပြောင်းတွေက အင်းစိန်ထောင်က အကျဉ်းသားတွေဖြစ်ပြီး  နေပြည်တော်ဘက်က လာသူတွေမဟုတ်သလို လူသိများထင်ရှားသူတွေလည်း မပါဘူးလို့  ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက အာဏာစသိမ်းကတည်းက ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိမှုတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013