Home
သတင်းတို
ကျိုင်းတုံတွင် လေပြင်းကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး
DVB
·
May 28, 2014
10306168_641935045898942_5349063772052984304_n
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ မေလ ၂၇ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းကျပြီး လူနေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။ 10306168_641935045898942_5349063772052984304_nမနေ့ညနေ ၄ နာရီကနေ ၄ နာရီခွဲလောက်ထိ မိုးသက်လေပြင်းကျခဲ့တာကြောင့် ကျိုင်းတုံမြို့ပေါ် ၁၊ ၃၊ ၄၊ ၅ စတဲ့ ရပ်ကွက် ၄ ခုနဲ့ ယန်းခ၊ နောင်ကိုင် စတဲ့ကျေးရွာက လူနေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အများအားဖြင့် ခေါင်မိုးတွေ လန်ထွက်ကုန်တာလို့ မြို့နယ် အုပ်ချုပ်ရေးရုံး စာရင်းစစ်ဝန်ထမ်း ဒေါ်တင်တင်အေးက ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ သစ်ပင်နဲ့ ဓာတ်တိုင်တွေလဲပြိုခဲ့ပြီး ခရိုင်နဲ့မြို့နယ်ရုံးက တာဝန်ရှိသူတွေ လူမှုကူညီရေးအဖွဲ့ အစည်းတွေ ဌာနဆိုင်ရာနဲ့ မြူနီစီပယ်ရုံးက တာဝန်ရှိသူတွေ က သွားရောက် စစ်ဆေးရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ ပျက်စီးမှုစာရင်းတွေ အားလုံးသိရဖို့နဲ့ ကူညီ ထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့ လောလောဆယ် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတာဝန်ရှိ သူတွေက ကွင်းဆင်းစစ်ဆေးနေပြီး ကနဦး စာရင်းတွေအရတော့ ရပ်ကွက် ၅ က အထက ၂ ကျောင်းမှာ စာသင်ဆောင် ၄ ဆောင်ပျက်စီးကာ ဆုံးရှုံးမှု ကျပ်သိန်းပေါင်း ၈၀၀ ကျော်ရှိမယ်လို့ မြို့နယ်ရုံးက ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024