DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ထိုင်းစစ်ဦးစီးချုပ်တို့ လာမည့်သတင်းကြောင့် ရခိုင်တွင် လုံခြုံရေး တင်းကျပ်
DVB
·
January 15, 2023
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်ထိုင်းစစ်ဦးစီးချုပ်တို့ လာမည့်သတင်းကြောင့် ရခိုင်တွင် လုံခြုံရေး တင်းကျပ်
Donate to DVB

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ်အဖွဲ့တို့ လာရောက်မှာကြောင့် လုံခြုံရေး တင်ကျပ်ထားပြီး ဈေးဆိုင်ခန်း ၂၀ လောက် ဖျက်သိမ်းခံခဲ့ရတယ်လို့ နိုင်ငံရေးလေ့လာသူစစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

"စစ်တွေကို မင်အောင်လှိုင်လာမယ်လို့တော့ ကြားတယ်ဗျ။ စစ်တွေမြို့က လမ်းတွေကို နိုင်လွန်ကပ်တရာခင်းနေတာတွေရှိတယ်။ ထွေအုပ်ရုံးရှေ့လမ်းတလျှောက်မှာ မျဥ်းကြာတွေ ရေးဆွဲတာတို့၊ ပလပ်ဖောင်းတွေ ဆေးရောင်သုတ်တာတို့၊ ရွှေသဘာဝဓာတ်ငွေ့ကပေးတဲ့ အမှိုက်ပုံးအသစ်တွေချပေးတာတွေ တွေ့နေရတယ်” လို့ စစ်တွေဒေသခံ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

သံတွဲမြို့ကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး အောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်နေ့ လာရောက်ကြမှာဖြစ်တဲ့အတွက် သံတွဲမဇင် လေဆိပ်မှ ဂျိတ္တောရပ်ကွက်အထိ မင်းဘာကြီးလမ်းရှိ လမ်းဘေးတလျှောက် စျေးဆိုင်ခန်း ၂၀ လောက် အဖျက်ခံလိုက်ရသလို လုံခြုံရေးအတွက် ရေတပ်စစ်သင်္ဘောတွေနဲ့ စစ်တပ်အင်အား ကြိုတင်နေရာချထားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

"စကစ ဥက္ကဋ္ဌ မင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နန်ဝါရီ ၁၉ မှာလာမယ်လို့ သိရတယ်ဗျ။ မြဝတီ ရုပ်သံရိုက်ကူးရေးအဖွဲ့သားတွေတောင် ရောက်နေကြပြီ။ သူတို့လာမယ်ဆိုပြီး သံတွဲလေဆိပ်ကနေ ဂျိတ္တောတစ်ရောက်အထိ ဆိုင်ခန်း ၂၀ လောက်ကို ဇန်နဝါရီ ၁၀ နေ့က ဖြိုဖျက်ပေးခဲ့ရတယ်။ နောက်ပြီး ဇန်နဝါရီ ၁၁ ရက်နေ့က စက်လက်နက်နဲ့ လူအင်အားတွေ တိုးချပြီးတာတွေပဲ ရှိတယ်" လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်ရှိတဲ့အတွက် သံတွဲမြို့၊ မင်းဘာကြီးလမ်းမတစ်လျှောက်ရှိ ကွမ်းယာဆိုင်၊ မုန့်ဆိုင် စတဲ့ စုစုပေါင်း စျေးဆိုင်ခန်း ၂၀ ကျော် ဇန်နဝါရီ ၁၀ ရက်နေ့နောက်ဆုံးထားပြီး ဖြိုဖျက်ပေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း တပ်မတော်လေယာဉ်တွေနဲ့ သယ်ယူလာတဲ့ စစ်လက်နက် အသုံးအဆောင်တွေအား အမှတ် (၅၅) တပ်ရင်းကို ပြောင်းရွှေ့သယ်ယူခဲ့ကြသလို သံတွဲလေဆိပ် နဲ့ ငပလီကမ်းခြေမှာလည်း လုံခြုံရေးထူထပ်စွာချထားတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရခိုင်ခရီးစဉ်မှာ သံတွဲအပြင် စစ်တွေ၊ ကျောက်ဖြူ နဲ့ တခြားမြို့နယ်တချို့သို့လည်း သွားရောက်ဖို့ရှိတယ်လို့ သတင်းတွေေ ထွက်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သံတွဲမှ ကျောက်ဖြူမြို့၊ ခမရ တပ်ရင်း ၅၄၂ နဲ့ ကျောက်ဖြူစီးပွားရေးဇုန် အပြင် GTC ကျောင်းနဲ့ ကျောက်ဖြူမြို့ အခြေအနေကို စစ်ဆေးသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့အား လာရောက်မှာဖြစ်တဲ့အတွက် ရှေ့ပြေးအနေနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးတဦး စစ်တွေမြို့ကို ရောက်ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေဆီက သိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013