DVB Logo
Home
မြန်မာသတင်း
နယ်မြေမအေးချမ်းသဖြင့် ပလမြို့နယ် ကမ္ဘာ့ရတနာဘဏ်ခွဲတခု ရပ်နား
DVB
·
January 15, 2023
နယ်မြေမအေးချမ်းသဖြင့် ပလမြို့နယ် ကမ္ဘာ့ရတနာဘဏ်ခွဲတခု ရပ်နား
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့နယ်မှာရှိတဲ့ ကမ္ဘာ့ရတနာဘဏ်ခွဲတခု  ရပ်နားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နယ်မြေမအေးချမ်းတာကြောင့် ဇန်နဝါရီ ၁၃ ရက်က စတင်ရပ်နားလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

"မနေ့ကပဲ ဘဏ်ကိုပိတ်လိုက်တာပါ။ နယ်မြေမအေးချမ်းလို့ ပိတ်လိုက်တာပါလို့ ပြောတယ်။ ဝန်ထမ်းတွေကိုတော့ တခြားဘဏ်ခွဲကို ပို့မယ်လို့ သိရတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲ မသိရသေးဘူးတဲ့၊ ပလမြို့မှာလည်း ဒီဘဏ်တခုပဲ ရှိတာပါ။" 

ပလမြို့နယ်မှာ အခုလို ဘဏ်ခွဲ ရပ်နားလိုက်တာကြောင့် ငွေလွှဲငွေထုတ်နေကြတဲ့ ပြည်သူတွေ ခက်ခဲနစ်နာမှုတွေ ရှိလာနိင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အခက်အခဲတွေတော့ရှိတယ်။ တချို့ငွေလွှဲငွေထုတ်သူတွေဆို အရမ်းပင်ပန်းကြမှာပဲ။ ခုဆို ပလမှာ ဘဏ်ပိတ်လိုက်တော့ ပုလောမြို့မှာ သွားထုတ်ဖို့ကလည်း အရင်လို လမ်းကြောင်းမအေးတော့ ပင်ပန်းတယ်ပေါ့နော်။ Kpay တို့ wave pay ကနေ‌ ငွေထုတ်ယူပေးနေတဲ့ လူ တွေကလည်း ဘဏ်ကနေချိတ်ထားတာ များတယ်လေ၊ သူတို့လည်းခက်ခဲကြပြီပေါ့။" 

ပလမြို့နယ်မှာ ငွေလွှဲငွေထုတ်ဘဏ်ခွဲတခုသာရှိပြီး‌တော့ အခုလို ကမ္ဘာ့ရတနာဘဏ်ခွဲကို ရပ်နားလိုက်တာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာနေကြပြီး မကြာခင် ပုလောမြို့က ဘဏ်ခွဲတခုကိုလည်း ထပ်ပြီးတော့ ရပ်နား‌တော့မယ်လို့ သိရကြောင်း ဒေသခံက ဆိုပါတယ်။

ပလမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013