DVB Logo
Home
မြန်မာသတင်း
မလိခကျွန်း သဲသောင်အပန်းဖြေစခန်း၌ စည်းကမ်းမဲ့အမှိုက်ပစ်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း
DVB
·
January 15, 2023
မလိခကျွန်း သဲသောင်အပန်းဖြေစခန်း၌ စည်းကမ်းမဲ့အမှိုက်ပစ်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တဖက်ကမ်း ဧရာဝတီမြစ်အတွင်းက မလိခကျွန်း အပန်းဖြေစခန်းမှာ အမှိုက်တွေ စနစ်တကျ စွန့်ပစ်ခြင်းမရှိတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မလိခကျွန်း သဲသောင်အပန်းဖြေစခန်းမှာ လာရောက်အပန်းဖြေသူတွေဟာ ကျွန်းပေါ်နဲ့ ဧရာဝတီ မြစ်အတွင်း စားကြွင်းစားကျန် ပုလင်းခွံအိပ်နဲ့ ဖေါ့ဘူးတွေကို စည်းကမ်းမဲ့ စွန့်ပစ်တာတွေ ရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နေတယ်တာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူ ဒေသခံအမျိုးသားတစ်ဦးက  "ရေလယ်ကျွန်းကို လာရောက်အပန်းဖြေသူ အတော်များများက စားစရာ သောက်စရာတွေ ယူလာပြီး စားသောက်တယ်။ စားပြီးရင် ကျွန်းပေါ်မှာနဲ့ ဧရာဝတီမြစ်ထဲ စည်းကမ်းမဲ့ ပစ်ထားခဲ့တယ်။  ပုလင်းခွံစားကြွင်းစားကျန် ကျွပ်ကျွပ်အိပ်နဲ့ ဖေါ့ဘူးတွေ ဒီတိုင်းစွန့်ပစ်ထားခဲ့တာ။ တချို့တွေကတော့ စွန့်ပစ်ပစ္စည်းတွေကို  အိပ်နဲ့ ပြန်ထည့်ပြီး ပြန်သယ်သွားတယ်။ အဲ့ဒါကလည်း လူနည်းစုပါပဲ" လို့ ပြောပါတယ်။

ရေလယ်ကျွန်းအပန်းဖြေစခန်းမှာ ဘန်ဂလိုတဲတွေ ဖွင့်လှစ်ထားပြီး စားသောက်ဆိုင်တွေလည်း ရှိကာ သူတို့အနေနဲ့ သန့်ရှင်းရေးကို နေ့စဉ် ပြုလုပ်တယ်လို့လည်း ပြောဆိုပါတယ်။

"အပန်းဖြေစခန်း ရေလည်ကျွန်း သန့်ရှင်းရေးကို နေ့တိုင်းပြုလုပ်ပါတယ်။ ညနေ ၆ နာရီဆို ကျွန်းပိတ်တယ်။ အဲ့ဒီအချိန် အမှိုက်လိုက်ကောက်ပြီး မီးရှို့တာတွေ လုပ်ပါတယ်။ မြစ်ထဲ ပစ်ထားခဲ့တာတွေကတော့ ကျမတို့လည်း ဘာမှမလုပ်တတ်ဖူး"လို့ ရေလည်ကျွန်းမှာ ဈေးရောင်းချနေတဲ့ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ရေလယ်ကျွန်းအပန်းဖြေစခန်းကို ပြီးခဲ့တဲ့ သီတင်းကျွတ်လပိုင်းက စတင်ဖွင့်လှစ်ခဲ့ကာ စနေ တနင်္ဂနွေရက်နဲ့ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာသာ လူစည်ကားပြီး  စစ်ကောင်စီ အဖွဲ့ကတော့ လူစည်ကားစေဖို့ ရေလယ်သောင် အားကစားပြိုင်ပွဲတွေမကြာခဏ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013