Home
အနုပညာ
“ဖိုးမောင် ပြန်လာပြီ”ရုပ်ရှင်ပြပွဲနှင့် ရန်ပုံငွေဈေးရောင်းပွဲ ကနေဒါနိုင်ငံ ဗန်ကူးဗားတွင်ကျင်းပ
DVB
·
January 15, 2023
325756619_3313141158952635_1487215021126549325_n
325705708_691578745753991_7186995480596535834_n
325656008_876955196959341_2592835723066174504_n
325619329_2043809285810079_198496254845231857_n
325614416_1851934385184418_1866052366882544467_n
325593138_1223732601684938_1437629917371553959_n
325479885_1221370552095594_3692856318466349404_n
325463498_836130417684425_1256937852603281085_n
325380194_710850697286868_8841663566151648629_n
325377116_1559793544495911_5461822443239928295_n
325368881_741555327482413_3599125116956642555_n
325287949_731522431697898_3656391783700251365_n
325275546_504777128462498_2117317034028909250_n
325272229_1567435383705954_6858036551772275982_n

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ဒေါနတော်လှန်ရေးရဲဘော်တွေ ရိုက်ကူးတဲ့ “ဖိုးမောင် ပြန်လာပြီ” ရုပ်ရှင်ပြပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ ဆာရေးရှိ Gateway မြန်မာခရစ်ယာန်ဘုရားကျောင်းမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၁၄ ရက်က ကျင်းပပါတယ်။

ဒီရုပ်ရှင်ပြပွဲကို   ရုပ်ရှင်လက်မှတ်တစောင်လျှင် ကနေဒါဒေါ်လာ ၁၂ ဒေါ်လာနှုန်းနဲ့ ပွဲစဉ် ၂ ပွဲခွဲပြီး ပြသရာမှာ ရာနဲ့ချီတဲ့ ကနေဒါရောက် မြန်မာပြည်သားတိုင်းရင်းသားတွေ လာရောက် အားပေးကြည့်ရှုခဲ့ ကြပါတယ်။

ဒီပြပွဲမှာ မြန်မာပြည်တွင်း တော်လှန်ရေးနယ်မြေတွေအသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေကလည်း  ဗီဒီယိုရုပ်သံတွေပေးပို့ကာ စစ်မြေပြင်တိုက်ပွဲတွေ အခြေအနေကို သတင်းစကားပါးခဲ့သလို  တော်လှန်ရေးအောင်မြင်ဖို့ ပါဝင်ကူညီပေးကြဖို့ အသီးသီးတိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီပွဲကနေရတဲ့ ရုပ်ရှင်လက်မှတ်ရောင်းရငွေတွေကိုတော့ ရုပ်ရှင်အဖွဲ့ထံလှူဒါန်းသွားမှာဖြစ်ပြီး  မြန်မာရိုးရာအစားအစာတွေ ရောင်းချလို့ရတဲ့ အလှူငွေတွေကိုတော့ မြန်မာပြည်တွင်း လိုအပ်တဲ့ လူသားခြင်းစာနာအကူအညီအတွက် ပေးပို့သွားမယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။

ဒီရုပ်ရှင်ကားကတော့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီးမင်းသုဝဏ်ရဲ့ "ဖိုးမောင် လာပြီ" ဆိုတဲ့ ကဗျာကိုကျောရိုးယူပြီးတော့ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်လေးတယောက်ကို ဇာတ်ကောင်ထားလို့ ရိုက်ကူးထားခဲ့တာပါ။

ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် တပ်စုမှူး တိုက်မောင်းက တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး ဒေါနစစ်ကြောင်းထဲမှာရှိတဲ့ ရဲဘော်တွေရော၊ တော်လှန်ရေးနယ်မြေထဲက ရဲဘော်တွေပါ စုပေါင်းသရုပ်ဆောင် ဖန်တီးထားကြပါတယ်။

တော်လှန်ရေးအတွက် ရန်ပုံငွေ ရရှိနိုင်ဖို့ ဖန်တီးတင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကို ကနေဒါအပြင် တခြားနိုင်ငံတွေမှာလည်းပြသနေပြီး  လက်မှတ် တစောင်ကို စင်ကာပူဒေါ်လာ ၁၂ ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၁၀၊ ထိုင်းဘတ် ၃၀၀ စသဖြင့် နိုင်ငံအလိုက် သတ်မှတ်ထားပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် Fundraiser တွေကတဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကပရိတ်သတ်တွေအတွက်လည်း ရုပ်ရှင်လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနှုန်းနဲ့ ကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024