
မကွေးတိုင်း သရက်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဇန်နဝါရီ ၁၃ ရက် ညနဲ့ ၁၄ ရက် မနက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံ အစိတ်ပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ လင်းယုန်တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ သရက်မြို့နယ် လဝကရုံးအား ဇန်နဝါရီ ၁၃ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်မှာ တကြိမ် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပြတင်းပေါက်မှန်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ပူးပေါင်း ပ.က.ဖ လင်းယုန်တပ် ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ဒါ့အပြင် မင်းတုန်းလဝကရုံးကိုလည်း ဇန်နဝါရီ ၁၄ ရက် မနက် ၄ နာရီကျော်လောက်မှာ ၂ ကြိမ် မိုင်းခွဲ တိုက်ခိုက်ခဲ့လို့ ရုံးရဲ့ခေါင်မိုးတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို အလိမ်ညာ ရွေးကောက်ပွဲကို အသိမှတ်မပြု လက်မခံကြောင်း ပြသတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲအတုကို လက်မခံကြဖို့နဲ့ သွေမအေးကြဖို့ သတိပေးချင်တယ်လို့ လင်းယုန်တပ် က ပြောပါတယ်။
မကွေးတိုင်းအတွင်းက မြိုင်မြို့နယ်နဲ့ ရေစကြို မြို့နယ်တွေမှာလည်း ဇန်နဝါရီ ၃ ရက်နဲ့ ၁၂ ရက် တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။