DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ရှာဒူဇွပ်ဒေသခံများ စက်သုံးဆီဝယ်မရသဖြင့် အခက်ကြုံ
DVB
·
January 14, 2023
ကချင်ပြည်နယ် ရှာဒူဇွပ်ဒေသခံများ စက်သုံးဆီဝယ်မရသဖြင့်  အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ်၊ နိုင်း-လီဒိုလမ်းမတလျှောက် စက်သုံးဆီရောင်းဝယ်တင်သွင်းခွင့် ပိတ်ထားတဲ့ အတွက်  ရှဒူဇွပ်ဒေသခံတွေ အခက်အခဲဖြစ်ပေါ်နေကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ စစ်ကောင်စီလက်အောက်ခံ  ပြည်သူ့စစ်တို့ စစ်ရေးတင်းမာမှုဖြစ်ပေါ်နေပြီးနောက် လီဒိုလမ်းမကြီးတလျှောက် စက်သုံးဆီ ရောင်းချခွင့်ကို ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှဒူဇွပ်ကျေးရွာ ဒေသခံ တဦးက "စက်သုံးဆီ တင်သွင်းခွင့်ကို ကေအိုင်အေနဲ့ ပြည်သူ့စစ် အပြိုင် အဆိုင်ပိတ်နေကြတာ။ ဇန်နဝါရီ ၉ ရက်က စပြီး  လီဒိုလမ်းဘက်အဝင် စက်သုံးဆီကားတွေ ပိတ်လိုက်တယ်။ ကေအိုင်အေကတော့ ရွှေမှော်က စက်တွေ လည်ပတ်လို့မရအောင် ပိတ်တယ်။ ပြည်သူ့စစ်ကလည်း ရွာပတ်လည်က သွားလာလို့ရတဲ့ လမ်းမှန်သမျှ ပိတ်လိုက်တယ်"လို့  ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်နောက်ပိုင်းကစပြီး ဟူးကောင်း ချိုင့်ဝှမ်းဒေသက ရွှေမှော်တွေမှာ စက်ယန္တယား လည်ပတ်မှု မရှိအောင် ကေအိုင်အေက စက်သုံးဆီ တင်သွင်းခွင့်ပိတ်ပင်လိုက်ပြီး ဝါရာဇွတ် ပြည်သူ့စစ်တပ်ဖွဲ့ကလည်း  သူတို့ စစ်ဆေးရေးဂိတ်ရှိရာ  ရွာပတ်လမ်းတွေကိုပါ ပိတ်ပင်လိုက်တာပါ။

ရှဒူဇွပ်ဒေသခံ အမျိုးသား တဦးက " ကေအိုင်အေက ရွှေမှော်တွေ လည်ပတ်မှု မရှိနိုင်အောင် စက်သုံးဆီရောင်းချတင်သွင်းခွင့်ပိတ်တယ်။ အဲဒါကို ဝါရာဇွတ် ပြည်သူ့စစ်အဖွဲ့ကလည်း သူတို့ ဂိတ်ထိုင်တဲ့  နေရာတွေမှာ သာမာန်သွားလာခွင့်တောင် မပေးတော့ဘူး။ တောင်ယာ အခင်းသွားတာ ဆိုင်ကယ်ကယ်ရီ ဆွဲတာတွေတောင် ဂိတ်မဖြတ်ရတော့ဘူး။ တောင်ယာ ရာသီဖြစ်တော့ စက်သုံးဆီပိတ်တာက တမျိုး၊ တောင်ယာသွားလို့ မရတာကတမျိုးနဲ့ အတော် ဒုက္ခရောက်ပါတယ်"လို့  ပြောပါတယ်။

စက်သုံးဆီ တင်သွင်းခွင့် လမ်းကြောင်းတွေကို လက်နှက်ကိုင် နှစ်ဖွဲ့ကြား အပြိုင်အဆိုင် ပိတ်ပင်နေတဲ့အတွက် ရှဒူဇွပ်ဒေသမှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေက လက်ကျန်ဆီ ဒီဇယ်  ၁ ပေပါကို ကျပ် ၉သိန်းဝန်းကျင်နဲ့ ဓာတ်ဆီ ၁ ပေပါကို ကျပ် ၁၀ သိန်းဝန်းကျင် ရောင်းချခဲ့ကာ တချို့ဆိုင်တွေမှာလည်း စက်သုံးဆီ ပြတ်လပ်သွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013