DVB Logo
Home
မြန်မာသတင်း
ဒေါ်လာငွေလဲနှုန်းနှင့် ရွှေစျေး ပြန်လည်မြင့်တက်
DVB
·
January 13, 2023
ဒေါ်လာငွေလဲနှုန်းနှင့် ရွှေစျေး ပြန်လည်မြင့်တက်
Donate to DVB

ဇန်နဝါရီ ၁၃ရက်နေ့ ပြည်တွင်းစျေးကွက်ထဲမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်း က ၁ ဒေါ်လာကို ၂,၈၆၀ ကျပ် ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပြီး  ရွှေစျေးကလည်း ၂,၈၃၀,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒေါ်လာစျေးဟာ ၂,၈၃၀ ကျပ်ကနေ ၂,၈၅၀ ကျပ်ကြားမှာပဲ ရှိနေခဲ့ပြီး အခုအခါ ၂,၈၆၀ကျပ်ကနေ ၂,၈၈၀ကျပ်အထိ ပြန်မြင့်တက်လာတာပါ။

နိုင်ငံခြားငွေလဲကောင်တာ တာဝန်ရှိသူကတဦးက "ဟုတ်ပါတယ်။ ဒီရက်ပိုင်း ဒေါ်လာစျေး ပြန်တက်လာပါတယ်" လို့ ပြောပါတယ်။

ရွှေစျေးကလည်း ၁ ကျပ်သားကို ၂,၆၀၀,၀၀၀ ကနေ ၂,၇၀၀,၀၀၀ ကြားမှာ လအတန်ကြာ စျေးငြိမ်နေရာက ဇန်နဝါရီလဆန်းပိုင်းက စပြီး တရိပ်ရိပ် တက်လာခဲ့ရာ ဒီနေ့မှာ ပြင်ပပေါက်စျေး ၂,၈၃၀,၀၀၀ ကျော်အထိ  အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာရွှေစျေး အတက်များတာကြောင့် ပြည်တွင်းရွှေစျေးလည်း လိုက်ပါမြင့်တက်လာပြီး လက်ရှိစျေးတန်းအထိ ရောက်ရှိလာတာလို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက မှတ်ချက်ပြုပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက "အခုရွှေစျေးတက်သွားတဲ့ အဓိကအကြောင်းအရင်းက ကမ္ဘာ့ရွှေစျေး အများကြီး တက်သွားလို့ပဲ" လို့ ပြောပါတယ်။

ဒီကနေ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေစျေးက ၁ အောင်စကို ၁၈၉၉ ဒေါ်လာ ရှိနေပြီး  အခု လဆန်းပိုင်းက  ၁ အောင်စကို ၁၈၂၀ ဒေါ်လာ အထက်မှာပဲ ရှိခဲ့ပါတယ်။

ရန်ကုန်ရွှေအသင်းရဲ့ ရည်ညွှန်းစျေးသတ်မှတ်နှုန်းကလည်း ဇန်နဝါရီလဆန်းပိုင်းက အကယ်ဒမီ မီးလင်းရွှေ ၁ ကျပ်သားကို ၂,၁၄၀,၀၀၀ အထက်မှာပဲ  ရှိခဲပေမဲ့ ဒီနေ့မှာ ၂,၂၃၇,၀၀၀ ထိ သတ်မှတ်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီ ဗဟိုဘဏ်ဟာ ဒေါ်လာငွေလဲနှုန်းကို  ၁,၈၅၀ ကျပ်ကနေ ၂,၁၀၀ ကျပ်ကို တိုးမြင့်သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ ကောလာဟလ တွေနဲ့အတူ  ဒေါ်လာစျေးရော ရွှေစျေးပါ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းက စလို့ဒေါ်လာစျေးရော ရွှေစျေးပါ တဖြည်းဖြည်း ပြန်ကျဆင်းလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကပြည်တွင်း နိုင်ငံခြားငွေစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၄,၀၀၀ ကျော်၊ ရွှေ ၁ ကျပ်သားကို ကျပ် သိန်း ၃၀ အထက်ထိ စံချိန်တင်အမြင့်ဆုံးစျေး ရောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013