Home
မြန်မာသတင်း
မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်
DVB
·
January 13, 2023
325355657_851005896131263_1154544971337725713_n
324585086_1066815467845460_7543801804526204672_n(1)
321943829_5756363431099181_86426758377073946_n
321651370_721133619626346_5532098568403753987_n
320451900_1145573845978207_8127909256044666809_n

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု အမှတ် ၄ လမ်းမပေါ်ရှိ Grand Royal အရက်ချက်စက်ရုံမှာ ဒီနေ့ နေ့လယ် ၃ နာရီခွဲက မီးလောင်ပြီး Level 3 အဆင့် မီးငြှိမ်းသတ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Grand Royal အရက်ချက်စက်ရုံ ထမင်းစားဆောင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အရက်ဆီပေပါတွေပါ လောင်ကျွမ်းနေတယ်လို့ လိပ်ပုတ်ကျေးရွာနေသူတဦးက ပြောပါတယ်။

“ထမင်းစားဆောင်ကနေ စလောင်တာလို့ ကြားတယ်။ အခု မီးသတ်တွေရော ပရဟိတအဖွဲ့တွေ ဝိုင်းငြှိမ်းနေကြတယ်။ ထိခိုက်ဒဏ်ရာရတယ်လို့ မကြားဘူး။”

မီးလောင်မှုကို မှော်ဘီမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်ရာမြို့နယ်တွေက မီးသတ်ယာဥ်တွေ၊ အရန်မီးသတ်တပ်ဖွဲ့တွေနဲ့ ပရဟိတလူမှုရေးအသင်းတွေက Level 3 အဆင့်နဲ့ မီးငြှိမ်းသတ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။

“လတ်တလော ငြှိမ်းသတ်နေတုန်းဆိုတော့ ဘာမှပြောလို့မရသေးဘူး။ ဘယ်ကစလောင်လဲ ဆိုတာ မသိရသေးဘူး။”

မီးလောင်မှုဖြစ်နေတဲ့ Grand Royal စက်ရုံမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေလည်း ရောက်နေတယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မီးလောင်မှု ၁,၅၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရတဲ့အထဲမှာ ရန်ကုန်က ၂၂၄ ကြိမ် မီးလောင်မှုဖြစ်ပွားပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

Photo - MFSD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024