Home
သတင်းဓာတ်ပုံ
အောင်ပွဲနှင့်ပြန်လာသည့် PDF များကို ပြည်သူထောင်နဲ့ချီ အောင်သပြေများဖြင့်ကြိုဆို (ဓာတ်ပုံ)
DVB
·
January 13, 2023
325347477_499042975687051_2731391801571297850_n
325342750_1825357934492925_8579242819790028373_n
324934196_1311405062767001_8827535947631521351_n
324892164_1522667974897372_8047253449731937821_n
324888121_844564489989584_7975842542723266449_n
322939360_3416680515287244_7529334837415526772_n
320989802_1325349004705616_2011801532023546992_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ တစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေ အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ Myanmar defense force က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမပတ် ကတည်းက ကနီမြို့နယ် ချင်းတွင်း မြစ်ကြောင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား စတင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၅၀ ကျော် သေဆုံးကာ လက်နက်ကြီး၊ငယ်တွေလည်း သိမ်းဆည်းရမိသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၅ ဦးကျဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆရာစံ -PDF ကပြောပါတယ်။

စစ်ကောင်စီတပ်တွေ အရှုံးနဲ့ ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲနဲ့ပြန်လာကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ လောက်က ပြည်သူ ထောင်ချီဟာ စုရပ် ၇ ခုမှာ စုဝေးကာ အောင်သပြေပန်း၊ အိုးစည်ဒိုးပတ် အကအခုန်တွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုကြပြီး၊ အစားအသောက် ဧည့်ခံ ကျွေးမွေးတာနဲ့ တော်လှန်ရေးထောက်ပံ့ငွေတွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

အောင်ပွဲပြန် ကြိုဆိုပွဲကို MDF နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ လောက်က ပြည်သူ့ရဲဘော် ၁၀၀ ကျော် တက်ရောက်ကာ ပြည်သူ့မေတ္တာ ခံယူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024