Home
မြန်မာသတင်း
စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီးသဖြင့် ဆားလင်းကြီးပြည်သူ ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရ
lusane
·
January 12, 2023
325354096_858213178782612_6524275319923891818_n
323173355_887952482439058_2852472237229290791_n
323053722_859552641978384_7570282722251531114_n
322491600_714117953448950_5598954828248767109_n

အကြမ်းဖက် စစ်ကောင်စီတပ်တွေ ဒီနေ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း၊ ကျေးရွာပေါင်း ၁၀ ရွာလောက်က လူပေါင်း ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။

စစ်အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းဟာ မနက်ပိုင်းမှာ ပိုင်းတောင်ကြီး ကျေးရွာနဲ့ ကျောက်မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေ့လယ်ပိုင်းမှာတော့ ဖောင်ကထာရွာက နေအိမ်တွေကို ထပ်ပြီး မီးရှို့​ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်း ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းက ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ထန်းပု၊ ထန်းဇင်၊ မယ်ဇလီကန်၊ ဥသျှစ်ပြား၊ ဖောင်းကထာ ၊သဲကောကြီး၊ အေးကုန်း၊ လယ်တီ၊ ဆည်တည်း၊ တုံကျေးရွာ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ​ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းကနေ စုန်လာတဲ့ စစ်ကောင်စီမော်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တာကြောင့် အခုလို အနီးအနားက ရွာတွေကို ဝင်ရောက်ဖျက်ဆီးတာဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024