DVB Logo
Home
မြန်မာသတင်း
ရွှေစျေးနှုန်းမတည်ငြိမ်အောင် ဈေးကစားနေသူများကို အရေးယူမည်ဟု YGEA ထုတ်ပြန်
DVB
·
January 12, 2023
ရွှေစျေးနှုန်းမတည်ငြိမ်အောင် ဈေးကစားနေသူများကို အရေးယူမည်ဟု YGEA ထုတ်ပြန်
Donate to DVB

ပြင်ပဈေးကွက်မှာ ရွှေတကျပ်သား ကျပ် ၂၈ သိန်းအထက် ဈေးတက်လာချိန်မှာ ရွှေစျေးနှုန်း မတည်ငြိမ်အောင် စျေးကစားနေသူတွေကို ဌာနဆိုင်ရာတွေက စုံစမ်းစစ်ဆေးနေပြီး အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ပြင်ပစျေးကွက်မှာ ရွှေတကျပ်သားကို ကျပ် ၂၈ သိန်းဝန်းကျင်ထိ မြင့်တက်နေပေမဲ့ YGEA အသင်းကတော့ ၂၇ သိန်းအောက်မှာသာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် ရွှေစျေးနှုန်းအနေနဲ့ အရောင်းအဝယ်က အေးနေပြီး စျေးနှုန်းမြင့်တက်နေတာသာ ဖြစ်တယ်လို့လည်း YGEA က ဆိုပါတယ်။

မကြာသေးခင်ကလည်း ရွှေစျေးကွက် ပြန်လည်ပတ်နိုင်ရေးအတွက် အသင်းအမှုဆောင်တွေနဲ့ ဆွေး‌နွေးမယ်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ရွှေစျေးကွက် ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းပေမဲ့ စျေးနှုန်းကန့်သတ်ချက်မရှိဘဲ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ် လုပ်ခွင့်ပေးမှသာ ဖြစ်လာနိုင်မယ်လို့ ရွှေလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “အရင်တုန်းကဆိုရင် အသင်းရုံးခန်းထဲမှာ အရောင်းအဝယ် လုပ်တာလေ။ အခုကတော့ မှောင်ခိုလည်ပတ်နေတာပေါ့။ တရားဝင် အသင်းရုံးခန်းမှာ ပြန်ပြီး အလုပ်ဖြစ်ဖို့ဆိုရင်တော့ အသင်းကနေ ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်ပေးလိုက်မယ်ဆိုရင် အလုပ်ပြန်ဖြစ်ပါလိမ့်မယ်။ ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်မပေးဘဲနဲ့ ဘယ်လောက်ထက် ပိုမရောင်းရ၊ ဘာညာ အဲလိုလုပ်နေသ၍ကတော့ အသင်းမှာ တရားဝင် ပြန်အရောင်းအဝယ် ဖြစ်ဖို့က မလွယ်သေးပါဘူး” လို့ မှတ်ချက်ပြုပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်ကောင်စီသတ်မှတ်တဲ့ ရည်ညွှန်းရွှေစျေးက အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၂,၂၁၇,၂၀၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပစျေးကွက်ပေါက်စျေးက ၂၈ သိန်းဝန်းကျင်မှာ ရှိပြီး ကျပ် ၆၀၀,၀၀၀ ဝန်းကျင် ကွာဟချက်ရှိနေပါတယ်။

ပြင်ပရွှေစျေးနှုန်းက တကျပ်သားကို ၂၆ သိန်းနဲ့ ၂၇ သိန်းကြားမှာ လအတန်ကြာ တည်ငြိမ်နေခဲ့ပြီး ၂၀၂၃ နှစ်စပိုင်းကစပြီး တရိပ်ရိပ် ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီလို ရွှေစျေးပြန်မြင့်တက်လာတာက ကမ္ဘာ့ရွှေစျေး မြင့်နေတာကြောင့်ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013