DVB Logo
Home
မြန်မာသတင်း
အဆိုတော်ထျန်ခေး ရိုက်ကူးသည့် “The teacher The school” ရှမ်းတော်လှန်ရေးရုပ်ရှင် ကြည့်ရှုအားပေးနိုင်
DVB
·
January 11, 2023
အဆိုတော်ထျန်ခေး ရိုက်ကူးသည့် “The teacher The school” ရှမ်းတော်လှန်ရေးရုပ်ရှင် ကြည့်ရှုအားပေးနိုင်
1 / 7
Donate to DVB

အဆိုတော် ထျန်ခေး ကိုယ်တိုင်ရိုက်ကူးပြီး တပည့်သင်တန်းသားလေးတွေ သရုပ်ဆောင်ထားတဲ့ “The teacher & The school” ရှမ်းတော်လှန်ရေး ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးနိုင်ဖို့အတွက် လက်မှတ်တွေ ရောင်းချပေးနေပါတယ်။

အဆိုတော် ထျန်ခေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ထားလို့ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားဒေသတခုမှာ သွားရောက်ရှောင်တိမ်းရင်း ရှမ်းတိုင်းရင်းသားလူငယ်တွေကို မီဒီယာလုပ်ငန်းနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့ရာ သင်တန်းပြီးဆုံးတဲ့အချိန်မှာ လက်တွေ့ ပရောဂျက်အနေနဲ့ The teacher & The school ရုပ်ရှင်ကို ရိုက်ကူးခဲ့တာလို့ အဆိုတော်ထျန်ခေးက ပြောပါတယ်။

The teacher & The school ဟာ ရှမ်းတော်လှန်ရေးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး စစ်တပ်က ရှမ်းပြည်သူလူထုအပေါ် ရက်စက်ယုတ်မာခဲ့တဲ့ ဖြတ်လေးဖြတ်ကို အခြေခံကာ ၁၉၉၀ ပြည့်နှစ်လောက်က ရှမ်းစာသင်ခွင့် ပိတ်ပင်ခဲ့တဲ့ အကြောင်းအရာတွေကို အဓိကရိုက်ကူးထားပြီး သင်တန်းသားတွေရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့ ရိုက်ကူးဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုတော်ထျန်ခေးက “ဖြတ်လေးဖြတ်မှာ တခန်းစီတော့ ပါတာပေါ့။ ပညာရေးဖြတ်တောက်မှုကို အဓိက ရိုက်ကူးထားတာပါ။ အရင်ခေတ်တုန်းကဆိုရင် အခွင့်အရေးချိုးဖောက်ခံရတာ၊ ဥပမာ ဆန်တွေသယ်လာရင် ဆန်တွေတောင်းတာမျိုး၊ မပေးရင် သတ်ပစ်တာမျိုး၊ အမျိုးသမီးငယ်လေးတွေကို အဓမ္မကျင့်တာမျိုး၊ လမ်းသွားလမ်းလာတွေကို ဖြတ်သန်းသွားလာခွင့်မပြုတာ၊ ဆက်သွယ်ရေးကိစ္စတွေကို ဖြတ်တောက်ပစ်တာမျိုးတွေကို ဟိုးအရင်ကတည်းက ရှမ်းပြည်သူလူထုအပေါ် စစ်တပ်က ကျူးလွန်ခဲ့တာတွေကို အခြေခံပြီး ရိုက်ထားတာပေါ့” လို့ ပြောပါတယ်။

အဆိုပါဇာတ်လမ်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရှမ်းဆရာမတယောက်ရဲ့ ဖြစ်ရပ်မှန်တွေနဲ့ စစ်တပ် လူမဆန်စွာ ယုတ်မာခဲ့တာတွေကို ရိုက်ကူးပုံဖော်ထားတယ်လို့ ဆိုပါတယ်။

The teacher & The school ရုပ်ရှင်ရိုက်ကူးရာမှာ ဒရုန်းအခက်အခဲနဲ့ ငွေကြေးချပေးတဲ့ ဘတ်ဂျက်မဟုတ်ဘဲ သင်တန်းသင်ကြားရေးအတွက် ကူညီပေးကြတဲ့သူတွေနဲ့ စုပေါင်းပြီး ရိုက်ကူးထားတာဖြစ်လို့ ဘတ်ဂျက်အခက်အခဲ ရှိခဲ့တယ်လို့ ပြောပါတယ်။

ရုပ်ရှင်လက်မှတ်တွေကို VIP အနေနဲ့ လက်မှတ်အစောင်ရေ ၅၀၀ ကို မြန်မာငွေ ၁၀,၀၀၀ ကျပ်နဲ့ ထိုင်းနိုင်ငံကနေ ဝယ်ယူမယ်ဆိုပါက ထိုင်းဘတ်ငွေ ၂၀၀ ဘတ် သတ်မှတ်ထားပြီး VIP လက်မှတ်တွေ ရောင်းကုန်မှသာ မြန်မာငွေ ၅,၀၀၀ ကျပ်နဲ့ လက်မှတ်အစောင်ရေ ၁,၀၀၀ ကို လျှော့ချရောင်းပေးသွားမယ်လို့ ကိုထျန်ခေးက ပြောပါတယ်။

လက်ရှိအချိန်အထိ လက်မှတ်အစောင်ရေ ၂၀၀ ကျော် ရောင်းချထားနိုင်ပြီး ရုပ်ရှင်ကို ရှမ်းမျိုးဆက်သစ် ပရဟိတကျောင်းများ၊ ရှမ်းတော်လှန်ရေး လေ့ကျင့်ရေးကျောင်းတွေမှာ ၅ ကြိမ်မြောက် ပြသခဲ့ပြီးဖြစ်သလို ရှမ်းပြည်သူတွေရဲ့ အားပေးထောက်ခံမှု အပြည့်အဝ ရရှိထားတယ်လို့ သိရပါတယ်။

“ပထမဦးဆုံးအနေနဲ့ ရှမ်းတို့ရဲ့အလံတော်ကို အလေးပြုပြီး ကြည့်ရတဲ့ ပထမဆုံးရုပ်ရှင်ကို စတင်ကြည့်ရတော့ ကျနော် အရမ်းကို ဝမ်းသာအားရ ပီတိဖြစ်မိပါတယ်။ ကျနော် တကယ်မျှော်လင့်ထားတဲ့ ခံစားချက်မျိုးကို ခံစားရတော့ ဝမ်းသာ မျက်ရည်ကျလု မတတ်ပါပဲ။ ကျနော်က အဆိုတော်ဆိုပေမဲ့ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးသူတယောက်ပါ” လို့ ကိုထျန်ခေးက ပြောပါတယ်။

The teacher & The school ရုပ်ရှင်လက်မှတ်တွေကို Telegram channel @Buy_Ticket_For_Movie မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013