Home
သတင်းတို
နိုင်ငံခြားဘဏ်များ မှတ်ပုံတင်နိုင်ပြီ
DVB
·
May 27, 2014
ပြည်တွင်းမှာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားဘဏ်တွေအနေနဲ့ ဘယ်လို ဘဏ်လုပ်ငန်း အမျိုးအစား လုပ်ကိုင်လိုတယ်ဆိုတာ အသေးစိတ်ဖော်ပြပြီး ဗဟိုဘဏ်မှာ လာရောက် မှတ်ပုံတင်ကြဖို့ အကြောင်းကြားထားကြောင်း ဗဟိုဘဏ်ရုံးအဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

central bank1 copyဗဟိုဘဏ်ဟာ သမ္မတရဲ့ ညွှန်ကြားချက်နဲ့ နိုင်ငံခြားဘဏ်များ စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် ဒီ အကြောင်းကြားစာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါတင်မက လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကဆီ သ၀ဏ်လွှာတစောင် ပေးပို့ ထားပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ် ၃၅ ခုက ဘဏ်ကိုယ်စားလှယ်ရုံးတွေ လာ ဖွင့်လှစ်ထားကြပြီး ကိုယ်လုပ်ကိုင်လိုတဲ့ ဘဏ်လုပ်ငန်းအမျိုးအစားတွေကို မေ ၃၀ နောက်ဆုံးထား တင်ပြပြီး မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024